ခရီးသည်တင်မှန်လုံယာဉ် နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးသေဆုံး


ဘီးလင်း ဒီဇင်ဘာ ၂၂

ဘီးလင်းမြို့နယ် ၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ်
(၁၂၈/၂) ၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ နာရီခွဲခန့် က ခရီးသည်တင်မှန်လုံယာဉ် နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ သထုံ ဘက်မှ ကျိုက်ထိုဘက် သို့ ယာဉ်မောင်း ဘုန်းမြင့်ဦး မောင်းနှင်လာသော ယာဉ်အမှတ် /------ ရွှေစင်စင်္ကြာ (ရန်ကုန်-ကျိုက္ခမီ) ခရီးသည်တင်မှန်လုံယာဉ် သည် မျက်နှာချင်း ဆိုင်မှ ယာဉ်မောင်း အမည်မသိ အသက် (၂၀) နှစ်ခန့် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် Honda Dream 125 ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆိုင်ကယ်စီးနင်းသူမှာ ဦးးခေါင်း၌ ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု နှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဘုန်းမြင့်ဦး (၃၃) နှစ် (ဘ) ဦးမောင်မောင်နိုင် အား ဘီးလင်းမြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခရီးသည်တင်မှန်လုံယာဉ် နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးသေဆုံး  ခရီးသည်တင်မှန်လုံယာဉ် နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.