ရက္ခိုင့်တပ်မတော်၏ ရိက္ခာသိုလှောင်ထားရာ နေရာအနီး တိုက်မိုင်းတစ်လုံး ပေါက်ကွဲ

(ပထမအကြိမ် ဖြစ်စဉ်က တွေ့ရသော မိုင်းတစ်လုံး)
နိရဉ္စရာ၊ အောက်တိုဘာ ၂၇

ရက္ခိုင့်တပ်မတော် (အေအေ) လူပ်ရှားနေသော မြန်မာ- ဘင်္ဂလာဒေ့ရှ်- အိန္ဒိယနယ်စပ်ရှိ ရိက္ခာများ သိုလှောင်ထားရာ နယ်မြေတွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနံက် ၉ နာရီကျော်က တိုက်မိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း အေအေမှ ဗိုလ်မှူးကြီးကျော်ဟန်မှ နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဟိုတစ်နေ့က ပေါက်ကွဲတာက နင်းမိုင်းနှစ်လုံးပါ။ မနေ့က ပေါက်ကွဲတာက တိုက်မိုင်းပါ။ အခု ဖြစ်စဉ်မှာတော့ ရဲဘော်တစ်ဦး အနည်းငယ် ဒဏ်ရာရတာကလွဲပြီး ဘာမှ ဖြစ်တာ မရှိပါ” ဟု ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

ယခု မိုင်းထောင်ခြင်းနှင့် ပတ်သက်ပြီး ALP က ထောင်ထားသော မိုင်းဖြစ်ကြောင်း၊ ယခင်နှစ်လုံးပေါက်ကွဲခဲ့သော နှင်းမိုင်းများမှာလည်း ALP မှ ထောင်ထားသောမိုင်းများ ဖြစ်ကြောင်း၊ ယခင်မိုင်းနှစ်လုံးပေါက်ကွဲခြင်းနှ်င့် ပတ်သက်၍ ALP က အကြောင်းပြန်ကြားသည်မှာ ယခင် ဘင်္ဂလာစစ်တပ်နှင့် ALP အကြား တိုက်ပွဲများဖြစ်ပွားပြီးကတည်းက ယင်းဒေသတွင် မိုင်းအချို့ ထောင်ထား၍ ရှိကြောင်း အကြောင်း ပြန်ထားသည်ဟု ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

သို့သော်လည်း ယခုမိုင်းများမှာ ALP မှ ပြောသလို မိုင်းအဟောင်းများ ဟုတ်/ မဟုတ်ကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သူက ဆက်လက် ပြောကြားသည်။

ယခုလက်ရှိ အချိန်တွင် အဖွဲ့အစည်းနှစ်ခုအကြား မိုင်းပေါက်ကွဲခြင်းနှင့် ပတ်သက်ပြီး တရားဝင် ပြောဆို ဆွေးနွေးမှုများ မရှိသေးကြောင်း သတင်း ရရှိသည်။

Narinjara
https://www.facebook.com/Narinjara
ရက္ခိုင့်တပ်မတော်၏ ရိက္ခာသိုလှောင်ထားရာ နေရာအနီး တိုက်မိုင်းတစ်လုံး ပေါက်ကွဲ  ရက္ခိုင့်တပ်မတော်၏ ရိက္ခာသိုလှောင်ထားရာ နေရာအနီး တိုက်မိုင်းတစ်လုံး ပေါက်ကွဲ Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.