![]() |
( ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အလေးချိန် တန် ၂ဝဝ ကျော်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို တွေ့ရစဉ် ) Photo: Shan Gyi (facebook) |
ဒီကျောက်စိမ်းတုံး တူးဖော်ချိန်မှာ လျှိုနာတွေပဲ့ထွက်လို့ ၁၇၄ တန်လောက်ရှိတဲ့ အပိုင်းအပါအ၀င် အစိတ်အပိုင်း ၆ ပိုင်း လည်း ကွဲထွက်ခဲ့ပါတယ်။
ဒီအရိုင်းတုံးဟာ မြန်မာ့လုံးစွပ် ကျောက်စိမ်းသမိုင်းမှာ အကြီးမားဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ သန်းလောက်နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သန်း ၇၀၀၀ လောက်တန်မယ်လို့ မြန်မာ့ကျောက်မျက်လုပ်ငန်းက ဥက္ကဌအဖြစ်ပါဝင်တဲ့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်ထားပါတယ်။ နိုင်ငံတော်က ရတနာခွန် ငွေကျပ် သန်းတထောင်ကျော်ရရှိမယ်လို့လည်း ဆိုပါတယ်။
အခွန်အခတွေ ပေးသွင်းပြီးရင် အကျိုးတူစာချုပ်အရ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီက ၇၅ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး မြန်မာ့ကျောက်မျက် ရတနာပြပွဲမှာ ပြသရောင်းချပြီးတဲ့အခါ နိုင်ငံတော်က အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနဲ့ ပြပွဲဝန်ဆောင်ခ ၃ ရာခိုင်နှုန်းပါ ရရှိပါမယ်။
ရတနာတောင်တန်းကုမ္ပဏီဟာ သဘာဝသယံဇာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ အကျိုးတူကျောက်စိမ်းတူးဖော်နေတာလို့ ဧရာဝတီသတင်းမှာ ပါရှိပါတယ်။
ဒီကျောက်စိမ်းတုံးကို အမေရိကန် ဒေါ်လာ ၆ သန်းတန်မယ်လို့ မြန်မာ့ကျောက်မျက်လုပ်ငန်းက ခန့်မှန်းပေမဲ့ နိုင်ငံတကာ အကဲခတ်တွေက ဒေါ်လာ သန်း ၁၇၀ ထိတန်နိုင်တယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အကြီးဆုံး မြန်မာကျောက်စိမ်း အစိုးရ ဘယ်လောက်ရမှာလဲ
Reviewed by THITHTOOLWIN
on
10:05
Rating:
