ထိုင်ခုံခါးပတ် မပတ်သော ယာဉ်မောင်းများအား စတင်အရေးယူမည်


ရန်ကုန် အောက်တိုဘာ ၂၇

ရန်ကုန်မြို့တွင် ပြေးဆွဲမောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များအနေဖြင့် လာမည့်နိုဝင်ဘာ ၁ ရက်မှ စပြီး ထိုင်ခုံခါးပတ် မပါဘဲ မောင်းနှင်သော ယာဉ်မောင်းနှင့် စီးနင်းလိုက်ပါသူများကို မော်တော်ယာဉ် ဥပဒေနှင့် အညီ စတင်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

ဒဒဒီဥပဒေက ၂ဝ၁၅ ခုနှစ် စက်တင်ဘာလကတည်းက မော်တော်ယာဉ် ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၁ ရက်မှာတော့ ယာဉ်မောင်းသူများရော စီးနင်းလိုက်ပါသူများပါ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအနေနဲ့ ထိုင်ခုံခါးပတ် မပတ်ထားမှုအပေါ် စတင်အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်ဒဒ ဟု ‘ဒုတိယရဲမှူးကြီး အောင်ကိုဦးက ယနေ့ ညနေပိုင်းတွင် လမ်း (၅ဝ) ယာဉ်ထိန်းရုံး၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် သတင်းထောက်များ အား ပြောကြားသည်။

မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၄(င)တွင် သတ်မှတ်ထားသည့် ထိုင်ခုံခါးပတ်ပတ်ရန် ပြဋ္ဌာန်းထားရှိ ကြောင်း၊ ထိုင်ခုံခါးပတ်များသည် ယာဉ်မတော်တဆဖြစ်ပွားစဉ် အသက်ကို ကယ်တင်နိုင်ကြောင်း၊ နိုင်ငံတကာ ၌လည်း ထိုင်ခုံခါးပတ်ပတ်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာပညာရှင်များ၏

လေ့လာတွေ့ရှိချက်အရ ထိုင်ခုံခါးပတ် ပတ်ခြင်းသည် ယာဉ်အ္တရာယ်ဖြစ်ပွားစဉ် လူကို အနည်းဆုံး ထိခိုက်အ္တရာယ်ဖြစ်ပွားမှုသာတွေ့ရကြောင်း ၄င်းက ထပ်မံ ပြောသည်။

ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့၏ စာရင်းများအရ ယခုနှစ်အတွင်း သြဂုတ်လကုန် အထိ ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုပေါင်း ၁၁၄၄ မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းတို့တွင် ထိခိုက်ဒဏ်ရာရသူ ၁၃၂၉ ဦးရှိပြီး သေဆုံးသူ ၈၉၈ ဦးရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မလိုလားအပ်ဘဲ အသက်ပေါင်းများစွာ ဆုံးရှုံးနေရခြင်းသည် ထိုင်ခုံခါးပတ် မပတ်ခြင်းသည် အဓိကပြဿနာဖြစ်လာကြောင်းဖြင့်လည်း ၄င်းက ဆက်လက် ပြောသည်။

နိုဝင်ဘာ ၁ ရက်မှစပြီး ထိုင်ခုံခါးပတ် မပတ်သော ယာဉ်မောင်းများအား ပုဒ်မ ၆၂ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဒဏ်ငွေအပြင် ငွေကျပ် သုံးသောင်းထက် မပိုသောဒဏ်ငွေကိုလည်း ရိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အရေးယူ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တွင် ပြေးဆွဲနေသော လိုင်းကားများအပါအဝင် အားလုံး အကျုံးဝင်ကြောင်း သိရသည်။

သတင်း- မြင့်မောင်စိုး၊ ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ထိုင်ခုံခါးပတ် မပတ်သော ယာဉ်မောင်းများအား စတင်အရေးယူမည်  ထိုင်ခုံခါးပတ် မပတ်သော ယာဉ်မောင်းများအား စတင်အရေးယူမည် Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.