တောင်ကိုရီးယား ကားကုမ္ပဏီ လိမ်ညာမှုဝန်ခံ လျှော်ကြေးပေး


တောင်ကိုရီးယားနိုင်ငံက Kia ကီယာနဲ့ Hyundai ယျံဒေး ကားထုတ်လုပ်သူတွေက အမေရိကန်ပြည်ထောင်စုမှာ ရောင်းချခဲ့တဲ့ သူတို့ကားတွေရဲ့ လောင်စာစွမ်းအင်နဲ့ပတ်သက်ပြီး လိမ်လည်ခဲ့မှုကို ဝန်ခံလိုက်ပြီးနောက် လျှော်ကြေးငွေအဖြစ် ဒေါ်လာ ၄၁ သန်းကျော်ပေးဖို့ မနေ့က သဘောတူလိုက်ပါတယ်။

အဲဒီ ကားတွေဟာ ဓါတ်ဆီတစ်ဂါလံနဲ့ မိုင် ၄ဝ အထိ ခရီးရောက်နိုင်တယ်လို့ ယျံဒေးကုမ္ပဏီက ကြေညာရောင်းချခဲ့ပေမယ့် တကယ်တန်းမှာ တစ်ဂါလံကို ၃၄ မိုင်လောက်ပဲ မောင်းနှင်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နဲ့ တရားရေးဌာနက ၂ဝ၁၂ ခုနှစ်မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


ကားဝယ်ခဲ့သူတွေဟာ ကုမ္ပဏီရဲ့အာမခံပြောကြားချက်ထက် ပိုမိုပြီးကုန်ကျခဲ့တဲ့ ဓါတ်ဆီဖိုးတွေအတွက် လျှော်ကြေးရကြမှာဖြစ်ပါတယ်။ ကားကုမ္ပဏီတွေအနေနဲ့ သူတို့အပေါ်ယုံကြည်ချက်အတွက် သုံးစွဲသူတွေ နစ်နာခဲ့ရတာကို တာဝန်ယူရမှာပဲလို့ ဝါရှင်တန်မြို့တော် ရှေ့နေချုပ် Karl Racine ကားလ် ယာဆင်း ကပြောပါတယ်။

ဒီအပတ်အတွင်းမှာပဲ ဂျာမဏီကားကုမ္ပဏီတခုဖြစ်တဲ့ Volkswagen ဖေါက်ဗာဂင် ကလည်း သူတို့ကုမ္ပဏီထုတ်ကားတွေရဲ့ လေထုညစ်ညမ်းမှုပမာဏကို လိမ်လည်ပြီးလျော့ပေါ့ကြေညာကာ အမေရိကန်ပြည်သူတွေကို ရောင်းချခဲ့မှုအတွက် လျှော်ကြေးငွေ ဒေါ်လာ သန်းပေါင်း ၁၄၇ဝဝ ပေးဖို့ သဘောတူခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တောင်ကိုရီးယား ကားကုမ္ပဏီ လိမ်ညာမှုဝန်ခံ လျှော်ကြေးပေး တောင်ကိုရီးယား ကားကုမ္ပဏီ လိမ်ညာမှုဝန်ခံ လျှော်ကြေးပေး Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.