ယာခင်းတောအတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်သူများက ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင်


ယာခင်းတောအတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်သူများက ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင်သဖြင့် မုံရွာနယ်မြေရဲစခန်းက ဖော်ထုတ်ဖမ်းဆီး အရေးယူ

မုံရွာ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတက္ကသိုလ် ပထမနှစ် ဥပဒေကျောင်းသားတစ်ဦးနှင့် ပထမနှစ် စီမံခန့်ခွဲမှုပညာ ကျောင်းသူတစ်ဦးတို့သည် မုံရွာမြို့နယ် ကျောက္ကာ(တောင်)ရွာ၏ အနောက်ဘက် လူသွား လူလာပြတ်တောက်လျက်ရှိသော ယာခင်းတစ်ကွက် အတွင်းရှိ သစ်ပင်အောက်တွင် နှစ်ကိုယ်တူ ချစ်တင်းနှောခဲ့ရာ ချောင်းမြှောင်းကြည့်ရှုသူ လူငယ်လေးဦးက အဆိုပါ တက္ကသိုလ်စုံတွဲအား ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းလုယက် ယူငှင်ထွက်ပြေးတိမ်းရှောင်းသွားခဲ့သည်။


ထို့ကြောင့် ပစ္စည်းလုယက်ယူငှင်းခြင်းခံရသော ပထမနှစ် ဥပဒေကျောင်းသားက လုယက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖော်ထုတ်အရေးယူပေးရန် ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်က မုံရွာနယ်မြေရဲစခန်းသို့ သွားရာက်တိုင်တန်းခဲ့သည်။ ၎င်း တိုင်တန်းချက်အား ရဲစခန်းက အမှုကြီးအမှတ်စဉ် (၅/၂၀၁၆) ၊ (ပ) ၅၉၇/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/ ၁၁၄ အရ အမှုရေးဖွင့် လက်ခံခဲ့ပြီး ရဲစခန်းမှူး ရဲအုပ် ရဲအောင်မှ တာဝန်ယူစစ်ဆေးဆောင်ရွက်ခဲ့သည်။


အဆိုပါ အမှုစစ်ရဲအရာရှိ၏ စစ်ဆေးဆောင်ရွက်ချက်များအရ ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်ရှု၍ ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင် ထွက်ပြေးတိမ်းရှောင်နေသူများမှာ မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ ကို ရဲလင်းထက်(ခ) ငရဲ၊ ကိုဇင်ကိုမောင်(ခ) ရွှေအ၊ ကိုသန့်ဇင်ဦးနှင့် ကိုဆန်းမင်းသူ(ခ) အောင်ကို ဆိုသူတို့ လေးဦးဖြစ်ကြောင်း အမှုဖြင့် စစ်ဆေးပေါ်ပေါက်ခဲ့သည်။


ထို့အပြင် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်ရှု့ပြီး ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများ လုယက်ယူငှင်စဉ် ကာလက အသုံးပြုသော သက်သေခံ ပစ္စည်းအထောက်အထားများကို စနစ်တကျ သိမ်းဆီးပြီးနောက် တရားစွဲဆိုရန် မုံရွာမြို့နယ် ဥပဒေရုံးတွင် ဥပဒေအကြံပြုချက်များတောင်းခံရယူပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆိုလိုက်ပြီးဖြစ်သည်။


အဆိုပါ တက္ကသိုလ်စုံတွဲထံမှ ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများ လုယက်ယူငှင်သူများအနက် လူငယ်နှစ်ဦးမှာ မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်များခိုးယူပြီး အပျော်အပါးများအတွက် အသုံးပြုလေ့ရှိရာ ခိုးရာပါ ဆိုင်ကယ်သုံးစီးအား ပြန်လယ်သိမ်းဆီးနိုင်ခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်မှန်များထံ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်နှံရန် မုံရွာနယ်မြေရဲစခန်းက ၀န်ဆောင်မှုများပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9
ယာခင်းတောအတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်သူများက ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင် ယာခင်းတောအတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်သူများက ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင် Reviewed by THITHTOOLWIN on 09:10 Rating: 5
Powered by Blogger.