ချင်းတွင်းမြစ်ကြောင်းအတွင်း တိမ်းမှောက်နစ်မြုတ်ရေယာဉ်အား အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီ


ချင်းတွင်းမြစ်ကြောင်းအတွင်း တိမ်းမှောက်နစ်မြုတ်ရေယာဉ်အား အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ ပစ္စည်းများကို စာရင်းဇယားများ ရေးသွင်း

အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းအတွင်း အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီက တိမ်းမှောက်နစ်မြုတ်သွားခဲ့သည့် ရေယာဉ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုများအရ အောက်တိုဘာ ၁၆ ရက်နေ့မှစတင်၍ သုံးရက်ကြာ ပြန်လည်ဆယ်ယူရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ ပစ္စည်းများကို စာရင်းဇယားများရေးသွင်းလျက်ရှိသည်။


အဆိုပါ တိမ်းမှောက်နစ်မြုတ်ရေယာဉ်၏ အထူးတန်း လူစီးအခန်းများအား သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များက စနစ်တကျ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အလတ်တလော တွေ့ရှိရသည့် ပစ္စည်းများတွင် ရွှေ (၁)ပိသာနှင့်ရွှေထည်ပစ္စည်းများ၊ ပိုက်ဆံသိန်းတစ်ရာကျော်အား ပြန်လည်တွေ့ရှိခဲ့ရသည်။ ကျန်ရှိ အခန်းများအား ဆက်လက်၍ ဖွင့်ဖောက်စစ်ဆေးလျက်ရှိသည်။

အဆိုပါ လူစီးခန်းများတွင် စီးနင်းလိုက်ပါရင်း သေဆုံးခဲ့ရသည့် ရေယာဉ်စီးခရီးသည် ရုပ်အလောင်း (၆)လောင်းအား ထပ်မံတွေ့ရှိရပြီး ရေယာဉ်တိမ်းမှောက်နစ်မြုတ်မှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၅၉ လောင်းတွေရှိရပြီးဖြစ်ကြောင်း သိရှိရသည်။

ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9
ချင်းတွင်းမြစ်ကြောင်းအတွင်း တိမ်းမှောက်နစ်မြုတ်ရေယာဉ်အား အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီ ချင်းတွင်းမြစ်ကြောင်းအတွင်း တိမ်းမှောက်နစ်မြုတ်ရေယာဉ်အား အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.