အကြမ်းဖက်မှု ဟုတ်မဟုတ် ကန် စစ်ဆေးနေ

နယူးယောက်မြို့မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကို စစ်ဆေးစဉ် (Credit: AFP) 
အမေရိကန်နိုင်ငံမှာ ​ဖြစ်ပွားခဲ့တဲ့ ​အကြမ်းဖက်မှုလို့ ​ယူဆရတဲ့ ​ရာဇာဝတ်မှူတွေ ​တစ်ခုနဲ့ ​တစ်ခု ​ဆက်စပ်မှု ​ရှိမရှိ ​စုံစမ်းနေကြပါတယ်။

နယူးယောက်မြို့နဲ့ ​နယူးဂျာဆီမှာ ​ဗုံးပေါက်ကွဲမှုတွေ ​ဖြစ်ပွားခဲ့သလို ​Minnesota ​ရှော့ပင်းစင်တာမှာလည်း ​ဓားထိုးမှု ​ဖြစ်လို့ ​လူ ​၉ ​ဦး ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

နယူးယောက်မြို့ ​ပေါက်ကွဲမှုမှာတော့ ​လူ ​၂၉ ​ဦး ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ဒီကိစ္စတွေဟာ ​တမင်ကြံစည်ပြီး ​ဖြစ်ပေါ်တဲ့ ​ရာဇာဝတ်မှု ​ဖြစ်တယ်လို့ ​ရဲတွေက ​ပြောဆိုပြီး ​အကြမ်းဖက်မှု ​ဟုတ်မဟုတ် ​စုံစမ်းနေတယ်လို့ ​ဆိုပါတယ်။

ဘယ်သူက ​ဘာကြောင့် ​လုပ်ဆောင်သလဲ ​ဆိုတာကို ​မသိရသေးပဲ ​လုံခြုံရေး ​ကင်မရာတွေ ​စစ်ဆေးနေတုန်းပဲလို့ ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

Minnesota ​ဓားထိုးမှုကို ​ပြုလုပ်သူကတော့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့ဝင် ​ဖြစ်တယ်လို့ ​IS ​က ​ပြောဆိုထားပေမယ့် ​ရဲတွေက ​စုံစမ်းနေဆဲ ​ဖြစ်ပါတယ်။

တချို့ကလည်း ​အာဖရိကတိုက်ဖွား ​ကျောင်းသား ​တစ်ဦးရဲ့ ​လက်ချက်ဖြစ်တယ်လို့ ​ပြောဆိုကြပေမယ့် ​ရဲတွေကတော့ ​ဘာလူမျိုး၊ ​ဘယ်ဘာသာဝင် ​ဆိုတာ ​ပြောဆိုခြင်း ​မရှိသေးပါဘူး။

ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံ ​မကျင်းပခင်မှာ ​ဗုံးပေါက်ကွဲမှုတွေ ​ဖြစ်ပွားတဲ့အတွက် ​လုံခြုံရေးတွေ ​ထပ်မံ ​တိုးချဲ့ ​ချထားရပြီ ​ဖြစ်ပါတယ်။

ညီလာခံအတွင်း ​ကမ္ဘာ့ခေါင်းဆောင် ​၁၃၅ ​ယောက်က ​တက်ရောက်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အကြမ်းဖက်မှု ဟုတ်မဟုတ် ကန် စစ်ဆေးနေ အကြမ်းဖက်မှု ဟုတ်မဟုတ် ကန် စစ်ဆေးနေ Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.