အများပြည်သူဆိုင်ရာ နေရာများကို ငှါးရမ်း၊ေ၇ာင်းချမှုများ တရားမ၀င်ကြောင်း YCDC မှ အသိပေးကြေညာ


ရန်ကုန်မြို့တွင်း (၄)မြို့နယ်တွင် အများပြည်သူဆိုင်ရာ နေရာများကို ငှါးရမ်း၊ေ၇ာင်းချခွင့် မရှိကြောင်း အသိပေး ကြေညာဆိုင်းဘုတ်များ တပ်ဆင်ခြင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။


“ ဒီလိုနေရာရောင်းချနေတာတွေဟာ တရားမ၀င်ဘူး။ ၀ယ်လို့လဲမရဘူး။ ရောင်းလို့လည်း မရဘူး။ ဒါကြောင့် ဒီလိုအသိ ပေးကြေညာရတာပါ။”ဟု စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးကပြောသည်။


ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင်း (၄)မြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် အသိပေးကြေညာဆိုင်းဘုတ်များကို ၁ မြို့နယ်လျှင် ဗီနှိုင်းအခု ( ၅၀) စီဖြင့် ကြေညာပေးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။


ကျွန်တော်မြို့နယ်ထဲမှာ ရောင်းချနေတဲ့ ဈေးသည်တွေကို ဒီလိုနေရာ ရောင်းတာဝယ်တာနဲ့ ပတ်သက်ပြီး မလုပ်ကြဖို့ ပြောထားတယ်။ ဒါပေမဲ့ ဒီလိုရောင်းဝယ်နေတာတွေ့တော့ ဈေးဆိုင်တွေကို ဘယ်သူဆီက ၀ယ်တာလဲ။ ဘယ်သူရောင်းတာလဲမေးကြည့်တော့မပြောဘူး။ အဲဒါကြောင့် ဒါတွေဟာ တရားမ၀င်ဘူးဆိုတာ အသိပေးတဲ့အနေနဲ့ ကပ်ထားတာပါ” ဟု ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်ကပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အများပြည်သူဆိုင်ရာ နေရာများကို ငှါးရမ်း၊ေ၇ာင်းချမှုများ တရားမ၀င်ကြောင်း YCDC မှ အသိပေးကြေညာ  အများပြည်သူဆိုင်ရာ နေရာများကို ငှါးရမ်း၊ေ၇ာင်းချမှုများ တရားမ၀င်ကြောင်း YCDC မှ အသိပေးကြေညာ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.