RSO အကြမ်းဖက်အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ခေါင်းဆောင်နှင့် ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ် ပါဝင်သည့်အဖွဲ့ကို မောင်တောနယ်စပ်၌ ဖမ်းဆီးရမိ
မြန်မာဘက်ခြမ်း၌ ရောက်ရှိ လှုပ်ရှားနေသော RSO အကြမ်းဖက် အဖွဲ့၏ ခေါင်းဆောင်ပါဝင်သည့်သုံးဦးနှင့် ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းမှအဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ၁၁ ဦးတို့ကို မောင်တောနယ်စပ် ကော့ဘဇားမြို့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 ဘင်္ဂလားဒေ့ရှ်သတင်းဌာန BDNews 24 နှင့် အခြားသတင်းဌာနများက ဇူလိုင် ၃၁ ရက်နှင့် သြဂုတ် ၁ ရက်တို့တွင် ရေးသားဖော်ပြ လာကြခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် ၁၁ ဦးတွင် ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ပါဝင်နေကြောင်း သိရသည်။
 ဇူလိုင် ၃၀ ရက်က ကော့ဘဇား၌ BGB က RSO အကြမ်းဖက်အဖွဲ့၏ မြန်မာနိုင်ငံဆိုင် ရာခေါင်းဆောင်တစ်ဦးဖြစ်သူပါဝင်သော အဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံသား သုံးဦးကိုလည်း ကော့ ဘဇားမှာပင် ဖမ်းဆီးနိုင်ခဲ့ခြင်းဟု သိရသည်။
တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ်ဖြစ်သူ Abdur Rahman Bodi နှင့် လျှို့ဝှက်တွေ့ ဆုံနေသည့် စစ်သွေးကြွလေးဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် အပါအ၀င် စုစုပေါင်း ၁၁ ဦးစလုံးမှာ အချင်းချင်းချိတ်ဆက်၍ ဒေသတွင်း၌ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကော့ဘဇားတွင် စုစည်းမိကြခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးဖြစ်သူ Md Abdul Mazidက ပြောသည်။
 ဆော်ဒီမှအဖွဲ့ များသည် မြန်မာဘက်ခြမ်း၌ရှိနေသော ခိုးဝင်ဘင်္ဂါလီများအတွက် ငွေကြေးနှင့်အခြားသော အထောက်အပံ့များကို ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် တရားမ၀င် ထောက်ပံ့ပေးနေ ခြင်းလည်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ်မှာမူ ဒေသတွင်း မူးယစ်ဆေးဝါးအမှုများ၌ ပါဝင်ပတ်သက်ဖွယ်ရှိနေသည်ဟု ရဲတပ်ဖွဲ့ ယူဆထားသည်။
 ကော့ဘဇားခရိုင် တက္ကနက်မြို့ အတွင်းမှ ဖမ်းဆီးရမိခဲ့သော အဆိုပါ ၁၁ ဦးထဲတွင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက အလိုရှိနေသော RSO အကြမ်းဖက် လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Salaul Islam လည်း ပါဝင်နေသည်ဟု သိရသည်။
 တက္ကနက်မြို့ ရဲတပ်ဖွဲ့ ၏ အရာ ရှိဖြစ်သူ ဒုတိယရဲမှူးကြီးAbujar Al Jahid အဆိုအရ လျှို့ဝှက်အစည်းအဝေးအတွက် စုစည်း နေကြသော ၁၁ ဦးပါ အဖွဲ့ကိုBGB ၏ အထူးတပ်ဖွဲ့ဖြင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည့်အတွက် အကြမ်းဖက်မှုနှင့်ဆက်စပ်သော သတင်းအချက်အလက်များကို နှိုက်ထုတ်မေးမြန်းစစ်ဆေးမှုများ ပြင်းပြင်း ထန်ထန် လုပ်ဆောင်နေပြီဟုသိရသည်။
‪‎Iris‬
Pyi Myanmar
၂-၈-၂၀၁၆ ရက်ထုတ် ပြည်မြန်မာဂျာနယ်မှ
https://www.facebook.com/pyimyanmarnews
RSO အကြမ်းဖက်အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ခေါင်းဆောင်နှင့် ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ် ပါဝင်သည့်အဖွဲ့ကို မောင်တောနယ်စပ်၌ ဖမ်းဆီးရမိ  RSO အကြမ်းဖက်အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ခေါင်းဆောင်နှင့် ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ် ပါဝင်သည့်အဖွဲ့ကို မောင်တောနယ်စပ်၌ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.