RSO ခေါင်းဆောင်၊ ဆော်ဒီနိုင်ငံသား တစ်ဦး တို့ကို ဖမ်းဆီးပြီး လူပေါင်း ၁၁ ဦးကို ဘင်္ဂလာဒေ့ရှ်ရဲက

အဖမ်းခံထားရသူ များ- Syed Karim (Left) and Abu Saleh Al Ahmed Gammi
နိရဉ္စရာ၊ သြဂုတ် ၁

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် တက်ကနက်မြို့တွင် လွန်ခဲ့သော စနေနေ့က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က လူလေးဦးကို တက်ကနက် လွှတ်တော်ကိုယ်စားလှယ် ဘော်ဒီ (Abdur Rahman Badi) ဆွေးနွေးပွဲ လုပ်နေစဉ် ဖမ်းဆီးခဲ့သည်ဟု BDnews 24 တွင် သတင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများ အထဲတွင် RSO ( Rohingya Solidarity Organization) မှ စစ်ဦးစီးချုပ်နှင့် ဆော်ဒီနိုင်ငံသား တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

စုစုပေါင်း လူ ၁၁ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက အကြမ်းဖက်မှုနှင့် တရားစွဲဆိုထာပြီး ထိုအထဲမှ လေးဦးကို ဖမ်းဆီးထားပြီး ကျန်လူများမှာ ထွက်ပြေး လွတ်မြောက်နေသည်ဟု ရဲက ပြောသည်။

ဖမ်းဆီးခံရသူ ထဲမှ လေးဦးမှာ ဆော်ဒီနိုင်ငံသား အဘူလ် ဆာလက် အာ အာမတ်ဂါမီ RSO ခေါင်းဆောင် ဆာလောက် အစ္စလာမ်၊ တက်ကနက်မြို့နယ် ဥက္ကဋ္ဌ ဇာဖာ အာလမ်နှင့် တန်ဂဲလ် မြို့မှ မူလာနာ မူဟာမတ် အာဘာရာဟိန်းဆိုသူတို့ ပါဝင်ကြောင်း သိရသည်။

RSO ခေါင်းဆောင်သည် တက်ကနက်မြို့တွင် မာဒရာချာခေါ် ဘာသာရေး ကျောင်းတစ်ခုကို တည်ထောင်ထားပြီး ၂၀၁၃ ခုနှစ်က ဂျာမတ် အစ္စလာမ်မစ် ပါတီမှ ခေါင်းဆောင်များကို ကြိုးပေးကွက်မျက်မှုကို ဆန့်ကျင် ဆန္ဒပြမူ အပါအ၀င် ၂၀၁၂ ခုနှစ်က ရာမူးရှိ ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်မှုနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးဌာနမှ အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
RSO ခေါင်းဆောင်၊ ဆော်ဒီနိုင်ငံသား တစ်ဦး တို့ကို ဖမ်းဆီးပြီး လူပေါင်း ၁၁ ဦးကို ဘင်္ဂလာဒေ့ရှ်ရဲက  RSO ခေါင်းဆောင်၊ ဆော်ဒီနိုင်ငံသား တစ်ဦး တို့ကို ဖမ်းဆီးပြီး လူပေါင်း ၁၁ ဦးကို ဘင်္ဂလာဒေ့ရှ်ရဲက Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.