မြင်းမူမြို့နယ်၊ လက်ပန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


မြင်းမူ သြဂုတ်လ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက်ပန်ကျေးရွာတွင် ယနေ့နံနက်(၉း၅၅) မိနစ်အချိန် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်ပွားမှုမှာ လက်ပန်ကျေးရွာ ဦးကိုမြင့် အသက်(၅၂)နှစ်၊ အဘ(ဦးဆင်)နေအိမ် မီးကြွင်းမီးကျန်မှ တဆင့် စတင်လောင်ကျွမ်းခဲ့ပြီး အနီးပတ်ဝန်းကျင်မှ နေအိမ်(၃)လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၃)ပင်ခန်း (၂)ခန်းပါ (၂)လုံးနှင့် (၃)ခန်းပတ်လယ်နေအိမ်(၄)လုံး လောင်ကျွမ်းခဲ့ကြောင်းသိရှိရသည်။မီးလောင်ရာသို့ မြင်းမူမြို့နယ် မီးသတ်စခန်းတာဝန်ခံ ဦးဝေမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ယာဉ်(၃)စီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းတို့မှ တာဝန်ရှိသူများ စုပေါင်း၍ မီးငြိမ်းသတ်ဆောင် ရွက်ခြင်းကြောင့် နံနက်(၁၀း၃၀)တွင် မီးငြိမ်းသွားကြောင်းသိရှိရသည်။

မီးလောင် မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှ အမှုဖွင့် ဆောင်ရွက်လျှက် ရှိကြောင်းသိရှိရသည်။

အောင်စိုးဖေ(IPRD)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြင်းမူမြို့နယ်၊ လက်ပန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  မြင်းမူမြို့နယ်၊ လက်ပန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.