နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ်

နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်ဖြင့်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရစဉ်။ ဓါတ်ပုံ - ဝန်ကြီးချုပ် ဖြိုးမင်းသိန်း ဖေ့စ်ဘွတ်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် မနက်ဖြန် ရန်ကုန်မြို့ကနေ ထွက်ခွာမှာဖြစ်ပါတယ်။

တရုတ် သမ္မတရှီကျင်းပင်၊ ဝန်ကြီးချုပ် လီခယ်ကျင်းတို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ပထမဆုံး တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဒီခရီးစဉ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးအရာရှိ Mr. Song Tao နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၂၁ ရက်နေ့မှာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ် Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.