ရန်ကုန်-မြေပုံ ခရီးသည်တင် အောင်ပြည့်စုံ မော်တော်ကား မင်းပြား ကမ်းနီရွာအနီး တိမ်းမှောက်


မင်းပြား (Aug 05, 2016)

ရန်ကုန်မှ ရခိုင်ပြည် မြေပုံမြို့သို့ ခရီးသည်များ တင်ဆောင်လာသည့် အောင်ပြည့်စုံ မော်တော်ကားသည် ယနေ့ နံနက် (၀၉း၁၀) နာရီ အချိန်ခန့်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ကမ်းနီကျေးရွာအနီး မိုင်တိုင်အမှတ် ၇၄/၅ အနီးတွင် အရှိန်မထိန်းနိုင်၍ လမ်း၏ ညာဘက်သို့ တိန်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။


ထိုကားမှာ ယာဉ်မောင်း ဦးကျော်မိုးဆွေ (အသက် ၂၆ နှစ်) (ဘ)ဦးမြင့်သိန်း (ဗမာ/ဗုဒ္ဓ) ပျဉ်ထောင်ကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး မောင်းနှင်လာသည့် ယာဉ်အမှတ် TNI 1B- 9334 အဖြူအနီစပ် DAEWOO ကားဖြစ်ကြောင်း သိရသည်။


အဆိုပါ ခရီးသည်တင်ကား၌ ခရီးသည် ၁၂ ဦး လိုက်ပါလာခဲ့ရာ ဦးမောင်မြင့်သန်း (အသက် ၄၂ နှစ်) ပါ ၆ ဦးမှာ ထိခိုက်ပွန်းပဲ့သွား၍ မင်းပြားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ အပြင်လူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသမှု ခံယူခဲ့ရသည်ဟု သိရသည်။

အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးကျော်မိုးဆွေ အား ယာဉ်မဆင်မခြင်မှောင်းနှင်မှု ယာဉ်(ပ) ၃၇/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း မင်းပြားမြို့နယ် ရဲစခန်းမှ သိရသည်။

မင်းပြား - သတင်း
05 . 08 . 2016
Photo: Arakan Tun
https://www.facebook.com/mongbranews/
ရန်ကုန်-မြေပုံ ခရီးသည်တင် အောင်ပြည့်စုံ မော်တော်ကား မင်းပြား ကမ်းနီရွာအနီး တိမ်းမှောက်  ရန်ကုန်-မြေပုံ ခရီးသည်တင် အောင်ပြည့်စုံ မော်တော်ကား မင်းပြား ကမ်းနီရွာအနီး တိမ်းမှောက် Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.