ထိုင်းနိုင်ငံ မောင်းခရိုင် လမ်းဘေးဈေး မှာ ဗုံးပေါက်ကွဲ


။ 11August 2016 ။

ယနေ့ ညနေ့  (၃)နာရီမှာ ထိုင်းနိုင်ငံTha Muang District မောင်ခရိုင်အတွင်း မြို့ နယ်ခရိုင်ရဲမှူးရုံး အနီးက ညနေပိုင်း လမ်းဘေးဈေးအတွင်းမှာ ဗုံးပေါက်ကွဲခဲ့လို့ ဈေးသည်တွေနဲ့  လာရောက် ၀ယ်ယူနေကြသူ စုစုပေါင်း (၇) ဦးဒဏ်ရာရခဲ့ကြောင်း Utility rescue ဖေ့ဘုတ် စာမျက်နှာမှာဖေါ်ပြထားပါတယ်။

ကံချန ဘူရီKanchanaburi ပြည်နယ် အစပ်မှာရှိတဲ့ မောင်ခရိုင်ဟာ မူဆလင် ခွဲထွက်ရေးသူပုန်တွေ သောင်ကျန်းနေကြတဲ့ တောင်ပိုင်း ပြည်နဲ့ နယ်နိမတ်ချင်းကပ်ရက် ခရိုင်တခုဖြစ်ပြီး ခုလိုဖြစ်ပွားခဲ့တာဟာ မူဆလင် သူပုန်တွေရဲ့  တိုက်ခိုက်မှု ဟာ တဖြေးဖြေး ကုန်းတွင်း ပြည်နယ်တွေကိုပါ လွှမ်းမိုးလာနေ တာကို ပြသနေပါတယ်။

ရဲနဲ့ စစ်တပ် အင်အား(၅၀)လောက် ဖြစ်ပွားတဲ့ရာရောက်လာပြီး ပေါက်ကွဲမှုအသေးစိတ်ကို စစ်ဆေးနေကြပါတယ်၊ထိုင်းနိုင်ငံတောင်းပိုင်းက မူဆလင်ဘာသာဝင်တွေအများစု နေထိုင်နေကြတဲ့ -ပါတနီ-Pattani (Patani), Yala (Jala)ရလား, Narathiwatနရာသီဝ စတဲ့နယ်မြေတွေကို ခွဲထွက်ပြီး မလေးရှား နဲ့ ပေါင်းဘို့  လက်နက်ကိုင်တော်လှန်နေကြတဲ့ ဂျီဟတ် သူပုန်အင်အား ၉၀၀၀ အထိအင်အားရှိနေတာကိုထိုင်းစစ်သား၁၅၀၀၀၀(တစ်သိန်းငါးသောင်း) စေလွတ်ထားရပါတယ်။


မူဆလင် သူပုန်တွေဟာ ၂၀၀၅ ခုနှစ် ၀န်ကြီးချုပ် တက်စင် ချူနာဝပ်လက်ထက် အချိန် ကတဲကစ ပိုမိုအားကောင်းလာခဲ့ပြီး တောင်ပိုင်းပြည်နယ်တွေအတွင်း မှာ" သေချင်အဆိပ်မသောက်နဲ့  တောင်ပိုင်းသာသွားလို့ " စကားပုံ ထွက်လာရလောက်လောင် (၁၀)နှစ်အတွင်း ပြည်သူနဲ့  အစိုးရ၀န်ထမ်း ၆၅၀၀ သေဆုံး ၁၂၀၀၀ကျော် ဒဏ်ရာရခဲ့ပါပြီ။

သေဆုံးရသူတွေထဲမှာ ဗုဒ္ဓ ဘာသာ သာသနာပြုရဟန်းအပါး (၂၀)ပါဝင်ပြီး သံဃာ ၂၅ ပါးဟာ ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။ လက်ရှိ စက်အုပ်ချုပ်ရေး အစိုးရတက်တဲ့အထိ တောင်ပိုင်းပြသနာမီးဟာ ဆက်လက် ကြီးထွား ဆဲဖြစ်ပါတယ်။

Photo Utility rescue
Social Action for Women - SAW
ထိုင်းနိုင်ငံ မောင်းခရိုင် လမ်းဘေးဈေး မှာ ဗုံးပေါက်ကွဲ  ထိုင်းနိုင်ငံ မောင်းခရိုင် လမ်းဘေးဈေး မှာ ဗုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.