ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကံမမြို့နယ်တွင် စာသင်ကျောင်း အချို့ ပိတ်ခဲ့ ရပြီး အိမ်ထောင်စု အချို့ ရေလွတ်ရာသို့ ရွှေ့ပြောင်း


ကံမ သြဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ယခုရက်ပိုင်း အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်း တလျှောက်မြေနိမ့် ပိုင်း ကျေးရွာ များနှင့် မြို့ပေါ် ရပ်ကွက်များရှိ အနိမ့်ပိုင်း နေရာများ တွင် ရေလွမ်း မိုးမှု များ ဖြစ်ပွား ခဲ့သည်။


အဆိုပါရေလွှမ်းမိုးခြင်းကြောင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် မဖြစ် စေရေး အတွက် စာသင်ကျောင်း ၁၃ ကျောင်း ခေတ္တ ပိတ်ခဲ့ရပြီး ရေလွှမ်းမိုး သည့် မြို့ပေါ် ရပ်ကွက် အချို့နှင့်ကျေးရွာများမှ အိမ်ထောင်စု အချို့ရှိ ပြည်သူ များနှင့်ကျွဲ၊နွား တိရစ္ဆာန်များအား ၄င်းတို့နှင့် နီးစပ်ရာ ရေလွတ် သည့် နေရာ များသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ က ရွှေ့ပြောင်း နေရာ ချထား ပေးခဲ့ ကြကြောင်း သိရ သည်။

ကျော်ဇေယျဝင်း(ကံမ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကံမမြို့နယ်တွင် စာသင်ကျောင်း အချို့ ပိတ်ခဲ့ ရပြီး အိမ်ထောင်စု အချို့ ရေလွတ်ရာသို့ ရွှေ့ပြောင်း  ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကံမမြို့နယ်တွင် စာသင်ကျောင်း အချို့ ပိတ်ခဲ့ ရပြီး အိမ်ထောင်စု အချို့ ရေလွတ်ရာသို့ ရွှေ့ပြောင်း Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.