ချောက်မြို့နယ်၌ ဧရာတီမြစ်ရေ တက်လာမှု့ကြောင့် အနိမ့်ပိုင်း ရပ်ကွက်နေ ထိုင်သူ အချို့ ခေတ္တရွှေ့ပြောင်း


ချောက် သြဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ချောက်မြို့၌ဧရာဝတီမြစ် ရေများ တဖြည်းဖြည်း မြင့်တက် လာသဖြင့် မြို့အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် အမှတ်(၂)/(၃) /(၄) /(၇) ရပ် ကွက်နေ ရေနစ်မြုပ်သည့် အိမ်ထောင်စုဝင် အချို့မှာ ရပ်ကွက် အသီးသီးရှိ ဓမ္မာရုံ၊ ရေနံ အလုပ်သမား အပန်းဖြေရိပ်သာ၊ အားကစား ကွင်းများသို့ ခေတ္တရွှေ့ပြောင်း နေထိုင်လျက်ရှိ ကြောင်းနှင့် ဧရာဝတီမြစ်ရေသည် ယနေ့ နေ့လယ် ၂ နာရီခွဲ အချိန် တိုင်းထွာချက် အရ ၁၃၉၆ စင်တီမီတာ ရှိကြောင်း စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၅၄ စင်တီမီတာ ခန့် လိုသေးကြောင်း ချောက်မြို့နယ် မိုး/ဇလမှ တာဝန်ရှိသူ ပြောကြားချက် အရသိရသည်။

ကျော်ကျော်မိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ချောက်မြို့နယ်၌ ဧရာတီမြစ်ရေ တက်လာမှု့ကြောင့် အနိမ့်ပိုင်း ရပ်ကွက်နေ ထိုင်သူ အချို့ ခေတ္တရွှေ့ပြောင်း  ချောက်မြို့နယ်၌ ဧရာတီမြစ်ရေ တက်လာမှု့ကြောင့် အနိမ့်ပိုင်း ရပ်ကွက်နေ ထိုင်သူ အချို့ ခေတ္တရွှေ့ပြောင်း Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.