ထိုင်းနိုင်ငံပြည်နယ်ငါးခု ပေါက်ကွဲမှုများ နောက်ဆုံးအခြေအနေ


12August 2016

မနေ့ ညပိုင်း ထိုင်းနိုင်ငံ ဟွေဟင် ပင်လယ်အပန်းဖြေစခန်းရဲ့  ဘီယာဘား ဆိုင်တန်းတွေအလည်မှာ ဗုံးပေါက်ကွဲခဲ့လို့  ဒဏ်ရာရတဲ့သူတွေမှာ သြစတေးလျနဲ့  အင်္ဂလန်နိုင်ငံသားတွေအပါအ၀င် နိုင်ငံခြားသား(၁၀)ဦးပါဝင်တယ် လို့  သိရပါတယ် ။

နောက်ဆုံး သိရတာကတော့ ပင်လယ်အပန်းဖြေနေရာ ကို ရာယီ ပိတ်ခဲ့ပါတယ်။ နိုင်ငံခြားသံရုံးတွေကလည်းသူတို့ နိုင်ငံသားတွေကို တောင်ပိုင်းပြည်နယ်တွေကနေ ရှောင်ကြပြီး သတိနဲ့  သွားလာဘို့  သံရုံးတွေနဲ့  အဆက်သွယ်မပြတ် ကြ ဘို့ ထုတ်ပြန်ထားပါတယ်။


ဖြစ်ပွားတဲ့ ပြည်နယ်တွေ(နရာသီဝ-ပကျော့ ကီရီခန်-ကရဘီ-ပူးကက်-ဆူလဌာနီ) အတွင်းမှာ စစ်တပ်နဲရဲတွေက တရားခံမိနိုင်ဘို့  ပိုက်စိတ်တိုက်ရှာဖွေမှုတွေ ပြုလုပ်နေပြီး တရားခံ အစစ် ဖမ်းမမိသေးခင်မှာ မင်္သကာရ သူတွေ့ သမျှဖမ်းဆီးစစ်ဆေးမှာဖြစ်လို့ အဆိုပါနယ်မြေတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း သတိနဲ့  သွားလာနေထိုင်ရမယ့် အခြေအနေပါ။


ဗုံးပေါက်ကွဲမှုနဲ့  ပါတ်သက်ပြီး မသင်္ကာရတဲ့သူတွေကို မိထားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်အစိုးရပြောရေးဆိုခွင့် ရှိသူက သတင်းစာရှင်လင်း ပွဲမှာ ပြော ပါမယ်လို့  ဆိုပါတယ်။
ယခုမိနစ်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောင်မြို့ မှာ မင်္သကာရတဲ့ အိပ်တခုချ ထားတာတွေခဲ့လို့  လမ်းတွေပိတ်ပြီး ဗုံးရှင်းအဖွဲ့ ဝင်တွေ က စစ်ဆေးနေကြာင်းသိရပါတယ်။

Social Action for Women - SAW
ထိုင်းနိုင်ငံပြည်နယ်ငါးခု ပေါက်ကွဲမှုများ နောက်ဆုံးအခြေအနေ  ထိုင်းနိုင်ငံပြည်နယ်ငါးခု ပေါက်ကွဲမှုများ နောက်ဆုံးအခြေအနေ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.