မယ္ကမာၻၾသစေၾတးလ် ဆန်ကာတင် စာရင်းဝင် အလှမယ် တစ်ဦး ကားတိုက်မှုကြောင့်သေဆုံး

ကားတိုက်မှုကြောင့်သေဆုံးခဲ့သည့် မယ်ကမ္ဘာသြစတြေးလျ ဆန်ကာတင် စာရင်းဝင် အလှမယ် Elyse Miller-Kennedy အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဆစ်ဒနီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

    မယ်ကမ္ဘာသြစတြေးလျ ဆန်ကာတင် စာရင်းဝင် အလှမယ်တစ်ဦးသည် ပြင်သစ်နိုင်ငံသား နှစ်ဦးမောင်းနှင်လာ သည့် ကား နှင့် တိုက်မိ၍ သေဆုံးခဲ့ပြီး ၄င်း ကားသည် လမ်းပြောင်းပြန်မောင်းနှင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၁၇နှစ်အရွယ် Elyse Miller-Kennedy အမည်ရှိ အလှမယ်သည် ကွင်းစလန်ပြည်နယ် မှ တစ်ဆင့် မယ်ကမ္ဘာ သြစတြေးလျ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရာ ဆန်ကာတင် အဆင့် အထိ ရွေးချယ်ခံထားရသူ တစ်ဦးဖြစ်ပြီး ၄င်းသည် ကားတိုက်ခံရမှုကြောင့် ဆေးရုံသို့တက်ရောက်နေစဉ် ဦးခေါင်း၊ ရင်ဘတ် နှင့် ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ရရှိခဲ့သည့် ပြင်းထန်သော ဒဏ်ရာများကြောင့် တစ်ပတ်အကြာ ၌ ညပိုင်းတွင် ကွယ်လွန်ခဲ့ကြောင်း Australlia’s Courier Mail သတင်းစာ က သြဂုတ် ၁၂ တွင်ဖော်ပြခဲ့သည်။

အဆိုပါ ကားတိုက်မှုသည် ပြင်သစ်ခရီးသွား နှစ်ဦး၏ လမ်းပြောင်းပြန် မောင်းနှင်လာမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံသား ယာဉ်မောင်းသူ သည် ကားတိုက်မှုကြောင့် ဆေးရုံတက်ရောက်နေရာမှ ပြန်လည်ကောင်းမွန် လာပြီဖြစ်ပြီး အာဏာပိုင်များက ၄င်းအား တရားဝင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားပြီးနောက် မှုခင်းဆိုင်ရာ စစ်ဆေးရေးမှူးများ ထံမှ သက်သေများနှင့် အတူ စွဲချက်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သြစတြေးလျ အလှမယ် အဖွဲ့အစည်းကလည်း Elyse Miller-Kennedy ကဲ့သို့ ရင့်ကျက်ပြီး ပျော်ရွှင်စွာ နေတတ်သည့် မိန်းကလေးတစ်ယောက်အား ဆုံးရှုံးခဲ့ရ၍ ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။

လက်ရှိ မယ်ကမ္ဘာသြစတြေးလျ အလှမယ် Madeline Cowe က Elyse Miller-Kennedyသည် လှပချောမော၍  စိတ်သဘောထားကောင်းမွန်ပြီး ၄င်း လိုချင်သည့် အရာအား မဖြစ်မနေကြိုးစား၍ ရယူတတ်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ