အရှိန်မထိန်းနိုင်သည့် ၁၈ ဘီးယာဉ် ရေမြောင်းအတွင်းထိုးကျ


ရေတာရှည် သြဂုတ် ၉

ရေတာရှည်မြို့ မြောက်ဘက် တစ်မိုင် သုံးဖာလုံခန့်အကွာ ညောင်ပင် ကိုင်း ကျေးရွာအနီး ရန်ကုန်-မ္တလေးကားလမ်း ဘေး ရေမြောင်းထဲသို့ သြဂုတ် ၉ ရက် နံနက် ၇ နာရီခွဲခန့်က ကုန်တင်ယာဉ် တစ်စီး ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း မြောက်မှ တောင်သို့ ထွန်းထွန်းဝင်း (၄၁နှစ်)မောင်းနှင်လာ သည့် ၁၈ ဘီးယာဉ်သည် မိုင်တိုင် (၁၉၁/၅ နှင့် ၆) ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းအနောက် ဘက်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ ကြောင်း သိရသည်။

ကိုလွင်(ဆွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အရှိန်မထိန်းနိုင်သည့် ၁၈ ဘီးယာဉ် ရေမြောင်းအတွင်းထိုးကျ အရှိန်မထိန်းနိုင်သည့် ၁၈ ဘီးယာဉ် ရေမြောင်းအတွင်းထိုးကျ Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.