ဆိုင်ကယ်ကို စစ်ဆေးရာမှ လုယက်မှု ကျူးလွန်သူများကို ဖမ်းမိ


နေပြည်တော် သြဂုတ် ၉

တွံတေးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် သီဟသူ ဦးစီးသည့်အဖွဲ့ သည် သြဂုတ် ၈ ရက် နံနက် ၁၁ နာရီ ခန့်က လှည့်ကင်းဆောင်ရွက်စဉ် တွံတေးမြို့မှ ဒလမြို့ဘက်သို့ လူငယ် နှစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မရပ်ပေးဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီး ရာ ပျော်ဘွယ်လေးကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင်CANDA -125/ နီ-နက် ဆိုင်ကယ်နှင့်အတူ မင်းချစ်ဦး(ခ) မင်းဦး(၂၄)နှစ်နှင့် ကျော်ဇင်(ခ)အောင်ပု(၂၃)နှစ် ဆိတ်ကြီးတာကြီး ရပ်ကွက် ဒလမြို့နေသူများကို ရှာဖွေ ရာ ၅ဝဝဝ ကျပ်တန် အရွက် ၁ဝဝ စုစု ပေါင်း ငါးသိန်း၊ ၁ဝဝဝကျပ်တန် ၁၇၅ ရွက် စုစုပေါင်း ကျပ် ၁၇၅ဝဝဝ၊ ရွှေဆွဲ ကြိုး တစ်ကုံး၊ လက်စွပ် လေးကွင်း၊ ပုလဲနားကပ် နှစ်ရန်၊ စင်ကာပူဒေါ်လာ ၃ဝဝဝ၊ အမေရိ ကန်ဒေါ်လာ တစ်ရွက်၊ ဦးသက်နိုင်အမည်ပါ KBZ ဘဏ် စာအုပ်နှစ်အုပ်တို့ကို သိမ်းဆည်းရမိခဲ့ သည်။

 ယင်းပစ္စည်းများပါသည့် ဏသူသ ကျောပိုးအိတ်ကို ယနေ့ နံနက်ပိုင်းက ရွှေဆံတော်ဘုရားရှေ့တွင် အမျိုးသမီး တစ်ဦးထံမှ လုယူခဲ့ကြောင်း စုံစမ်း ဖော်ထုတ် သိရှိရ၍ တွံတေးမြို့မရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆိုင်ကယ်ကို စစ်ဆေးရာမှ လုယက်မှု ကျူးလွန်သူများကို ဖမ်းမိ  ဆိုင်ကယ်ကို စစ်ဆေးရာမှ လုယက်မှု ကျူးလွန်သူများကို ဖမ်းမိ Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.