နိုင်ငံတော်အတိုင်ပင်ခံနဲ့ အကြီးအကဲတွေလုံခြုံရေး တိုးမြင့်မည်

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
အစ္စလမ်မစ်အစွန်းရောက် IS က မလေးရှားနိုင်ငံက ရဲစခန်းတစ်ခုကို ပေးပို့တဲ့ ခြိမ်းခြောက်စာထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပါနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အကြီးအကဲတွေ ရဲ့လုံခြုံရေးကို ပုံမှန်ထက်အလေးထားဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မလေးရှား ရဲစခန်းတစ်ခုဆီ IS အဖွဲ့ကပေးပို့တဲ့ခြိမ်းခြောက်စာထဲမှာ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇာတ်နဲ့ ဝန်ကြီးအဖွဲ့တွေအမည်အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီ သတင်းတွေကြောင့် လုံခြုံရေးတိုးမြှင့်မှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

IS အဖွဲ့ရဲ့ အစွန်းရောက်အကြမ်းဖက်လှုပ်ရှားမှုတွေဟာ ကမ္ဘာ့နိုင်ငံအချို့မှာရှိနေတဲ့အတွက် လုံခြုံရေးကို ပေါ့ဆလို့ မရတဲ့အတွက် အထူးတင်းကြပ်မှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

အစိုးရအနေနဲ့လည်း အိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေပြီး ဒေသတွင်းနိုင် ငံတွေနဲ့လည်း သတင်းအချက်အလက်တွေကို လက်တွဲပူးပေါင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံနဲ့ အကြီးအကဲတွေလုံခြုံရေး တိုးမြင့်မည် နိုင်ငံတော်အတိုင်ပင်ခံနဲ့ အကြီးအကဲတွေလုံခြုံရေး တိုးမြင့်မည် Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.