အစိုးရနဲ့ ကေအိုင်အို တနိုင်းဒေသမှာ တိုက်ခိုက်

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ဒီနေ့မနက်က တနိုင်း ဒေသမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နဲ့ အစိုးရတပ်က ခလရ ၃၈၁၊ ခလရ၃၈၂၊ ခလရ ၁၀၅နဲ့ ၄၇ တပ်တွေ တိုက်ခိုက်နေကြတယ်လို့ တနိုင်းဒေသခံ တစ်ယောက်က ပြောပါတယ်။

"တပ်မတော်က နေအရှေ့မှာ သူတို့က အရင်တရက်နေ့ကနေ သူတို့ဟာသူတို့လာဖေါက်ခွဲပြီး ကေအိုင်အေ က ထောင်ထားတဲ့မိုင်းတွေ ဖေါက်ခွဲ့တဲ့ ပုံစံလုပ်ပြီးတော့မှ ဒီနေ့ကတော့ သူတို့ ထိုးစစ်ကို ဆင်နေတယ် အဲဒါအပြန်လှန်ပစ်ခတ်မှုဖြစ်နေတာ ခါတာဇွပ်မှာ ခါတာဇွပ် ဆိုတာ တပ်ရင်း ၁၄ အနီးနားမှာ ရှထူးဇွပ် ရဲ့ အောက်ဖက်မှာ တပ်မက များတယ် ၃၀၀ ကျော်ရှိနေတာ အခု မပခ က ကားတွေနဲ့ ပြန်တက်သွားပြီ လက်နက်ကြီးနဲ့ ထုနေတာတော့ မနေ့တနေ့ကပဲ ဒီနေ့ကတော့ ထိုးစစ်ဆင်တာ"

နေ့လည် ၁၂ လောက်ထိ တိုက်ပွဲတွေဖြစ်နေခဲ့ပြီး အစိုးရတပ်နဲ့အတူ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့တွေလဲ ပါတယ်လို့ သိရပါတယ်။

ယုဇန ကုမ္ပဏီ အနီးရှိ တရားမ၀င်ရွှေတူးနေတဲ့သူတွေကို ဖမ်းဆီးရာကနေ တဖက်နဲ့ တဖက် ပစ်ခတ်ကြတယ် လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှုးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

တနိုင်းဒေသဟာ ရွှေနဲ့ ပယင်း အများအပြားထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ အခုလို ၂ ဖက်စစ်ရေး တင်းမာ မှုတွေကြောင့် ပယင်းအရောင်းအ၀ယ်တွေလည်း ထိခိုက်နေတယ်လို့ တနိုင်းမြို့ခံတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
အစိုးရနဲ့ ကေအိုင်အို တနိုင်းဒေသမှာ တိုက်ခိုက်  အစိုးရနဲ့ ကေအိုင်အို တနိုင်းဒေသမှာ တိုက်ခိုက် Reviewed by THITHTOOLWIN on 17:13 Rating: 5
Powered by Blogger.