ကလေးဝ-ကလေးကားလမ်းမြေလွှာပြတ်ရွေ့မှုကြောင့် ဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေ


စစ်ကိုင်းတိုင်းဒေသကြီးကလေးဝမြို့နဲ့ ကလေးမြို့ ကို ဆက်သွယ်ထားတဲ့ လမ်းဟာ ချောင်းကျဉ်းရွာအနီး မိုင်တိုင်အမှတ် 10km မှာ ၃ဖာလုံခန့်ရှည်လျားသည့် မြေလွာပြတ်ရွေ့မှု့ဖြစ်ပွား နေတာကြောင့် ကလေးဝမြို့နယ်ကပြည်သူတွေ သွားလာရေးခက်ခဲနေပါတယ်။


ကလေးဝမြို့ ဟာ မုံရွာမြို့ကိုသွယ်ဖို့ရေလမ်းကြောင်းနဲ့ မိုးတွင်းအချိန်မှာ သွားလာလို့မရတဲ့ ကားလမ်းသာရှိပြီး ကလေးမြို့ကို ဆက်သွယ်ဖို့ လဲ ယခုကားလမ်းတစ်ခုသာ အားထားကြရပါတယ်။


ယခုအခါ မှာ အဲဒီကားလမ်းမှာကားလေးများသာခက်ခဲစွာမောင်းနှင် ဖြတ်သန်းနိုင်ပြီး ဒီထက်ပိုမိုဆိုးရွားလာပါက ကလေး၊ကလေးဝ ကုန်းလမ်းဆက်သွယ်မှု့ ပြတ်တောက်သွားနိုင်ကြောင်းသိရပါတယ်။

၁၀၊၈၊၂၀၁၆ ကလေးကလေးဝ ကားလမ်းအားမြင်တွေ့ရပုံ

Central News Myanmar
https://www.facebook.com/CNMyanmar/
ကလေးဝ-ကလေးကားလမ်းမြေလွှာပြတ်ရွေ့မှုကြောင့် ဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေ  ကလေးဝ-ကလေးကားလမ်းမြေလွှာပြတ်ရွေ့မှုကြောင့် ဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေ Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.