ခင်ဦးမြို့ နယ်မှာ လူသတ်မှုဖြစ်ပွား
9.8.2016
သြဂုတ်လ (၉)ရက်နေ့  ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့် က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မကျီတုံကျေးရွာတွင် ဦးမောင်ကို+မဌေးကြည်တို့ ဇနီးမောင်နှံနှင့် ဦးဘိုထိန်လင်း+ဒေါ်မာဦးတို့ ယာခင်းနီးနားချင်း အချင်းများပြီး ဦးမောင်ကို+မဌေးကြည်တို့ ဇနီးမောင်နှံ ရွာသို့အပြန် ဗိုထိန်လင်း၊ ထွန်ထွန်းဝင်း၊ အောင်မြင့်ထွန်း(ခ) တက်သီး တို့က ဓားနှစ်လက်၊ ဓားလှန်တစ်လက်ဖြစ် ဆီးကြိုသတ်ဖြတ်ရာ အမျိုးသားဖြစ်သူဦးမောင်ကိုမှာ လည်ပင်ကိုပြတ်လုနီးနီး အခုတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားပါတယ်။
 အမျိုးသမီးဖြစ်သူဒေါ်ဌေးကြည်မှာ လှည်းပေါ်မှ ဆင်းပြေး၍ လိုက်လံ သတ်ဖြတ်ကြရာ ညာလက်မှာ ပြတ်လုပြီး တခြားနေရာများလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရကာ ခင်ဦးဆေးရုံမှ ရွှေဘိုဆေးရုံသို့ အရေးပေါ်လူနာအဖြစ် လွှဲပြောင်းပေးလိုက်ပါတယ်။
O-သွေးလိုအပ်ပါသဖြင့် ကိုမင်းအောင်နိုင်မှ သွေးတစ်ပုလင်း လှူဒါန်းလိုက်ပါတယ်။
Min Aung Naing
Powered by Blogger.