ကရင်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပ

( ကရင်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ကရင်ပြည်နယ် ကျက်သရေဆောင်ကျောင်းမှာ ကျင်းပနေစဉ် ) Photo: Kyaw Lwin Oo/ RFA
အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဖော်ဆောင်တဲ့ အရေးကိစ္စတွေ ကို အားပေးကူညီသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ကရင်ပြည်နယ် ကျက်သရေဆောင်ကျောင်းမှာ ကျင်းပတဲ့ ကရင်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ကရင်တိုင်းရင်းသားရေးဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၉ နှစ်ကတည်းက ကရင်ပြည်နယ် ကျက်သရေဆောင် ဘုန်းတော်ကြီးကျောင်းမှာ ကရင်ရိုးရာပွဲတွေ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကရင်ရိုးရာ လက်ချည်ပွဲ ခေါ် ၀ါခေါင်လ ချည်ဖြူဖွဲ့ ပွဲကို နှစ်စဉ်ဝါခေါင်လဆန်း ၁ရက်နေ့ကနေ လပြည်နေ့အထိ ကျင်းပကြတာဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားတွေမှာ ဝါခေါင်လချည်ဖြူဖွဲ့၊ ထိမ်းမြားမင်္ဂလာချည်ဖြူဖွဲ့နဲ့ လိပ်ပြာခေါ်ချည်ဖြူဖွဲ့ ဆိုပြီး ချည်ဖြူဖွဲ့ ၃မျိုးရှိပါတယ်။

ဝါခေါင်လဟာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တာကြောင့် ရှေးကရင်လူကြီးသူမတွေက သားသမီးတွေကို အကာအကွယ်ပြုတဲ့အနေနဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူခင် အပါအ၀င် အဆောင်အယောင် ၇ မျိုးနဲ့ ချည်ဖြူ ဖွဲ့ပေးတဲ့ဓလေ့ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကရင်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပ  ကရင်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.