ခေတ္တ ပြည်နှင်ဒဏ် ခံရတဲ့ ကိုမောင်မောင်ဝမ်း (ဓာတ်ပုံ - မောင်မောင်ဝမ်း ဖေ့စ်ဘွတ်မှ) (Credit: ABC Licensed) |
မြန်မာနိုင်ငံကို ပြန်လာရင်း မနေ့တုန်းက ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ပြည်ဝင်ခွင့်မပေးခဲ့တဲ့ အတွက် ပြန်လှည့်ပြန်ခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမောင်မောင်ဝမ်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ဝင်ခွင့်ပေးလိုက်တာပါ။
အဲဒါကြောင့် မြန်မာနိုင်ငံ ရှစ်လေးလုံးမတိုင်ခင် ပြန်လာနိုင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပေမယ့် လေယာဉ်ကို နာရီပေါင်း ၅၀ လောက် ဆက်တိုက် စီးရတဲ့အပြင် သုံးရက် ဆက်တိုက်နီးပါး မအိပ်ရတဲ့အတွက် ချက်ခြင်း ပြန်လာနိုင်မှာ မဟုတ်ဘူးလို့ ကိုမောင်မောင်ဝမ်းက ပြောပါတယ်။
ကိုမောင်မောင်ဝမ်းဟာ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တုန်းက မြန်မာနိုင်ငံမှာ တစ်ရက်ပို နေထိုင်မိတဲ့အတွက် ဒဏ်ငွေအစား ပြည်နှင်ဒဏ်ပေးခဲ့လို့ နာမည်ပျက်စာရင်းထဲ ထည့်သွင်းခံရတာ ဖြစ်ပါတယ်။
ကွန်ပြူတာမှာ နာမည်ပျက် စာရင်း တွေ့ရတဲ့အတွက် လူဝင်မှု ကြီးကြပ်ရေးကလည်း ပြည်ဝင်ခွင့်မပေးခဲ့တာပါ။ ဒါပေမဲ့ အဲလို ဖြစ်နေမယ်ဆိုရင် အမေရိကန်နိုင်ငံက မြန်မာသံရုံးက အစကတည်းက ဗီဇာမပေးသင့်ဘူးဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက ဌာနဆိုင်ရာတွေ တခုနဲ့ တခု အချိတ်အဆက် မရှိသေးတာကို ပြသသလို ပြည်ဝင်ခွင့်ဆိုတာဟာလည်း လူတစ်ဦးတစ်ယောက်အပေါ် မူတည်နေတယ်ဆိုပြီးတော့လည်း ဝေဖန်မှုတွေ ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ပြည်ဝင်ခွင့်ရပေမယ့် ချက်ခြင်း ပြန်မလာနိုင်သေး
Reviewed by THITHTOOLWIN
on
14:17
Rating: