တရားမ၀င် အလုပ်သမားခေါ်သွင်းသူ ၄၄ ဦးကို စင်ကာပူဖမ်းဆီး


စင်ကာပူ ၊ ၃-၈-၂၀၁၆

စင်ကာပူနိုင်ငံ အတွင်း တရားမဝင် အလုပ်အကိုင် အတွက် နိုင်ငံခြားသား အလုပ်သမား များကို ခေါ်ယူလာသူ ၄၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း လူမှုစွမ်းအား ဝန်ကြီးဌာန က သြဂုတ် ၂ ရက်တွင် ထုတ်ပြန် ပြောကြား ထားသည်။

ဇူလိုင် ၂၆ ရက်မှ ၂၇ ရက်အတွင်း လုပ်ဆောင်ခဲ့သည့် နိုင်ငံတစ်ဝန်း တရားဥပဒေ စိုးမိုးရေး စစ်ဆင်ရေးတွင် နိုင်ငံခြားသား ၃၈ ဦးနှင့် လုပ်ငန်းစုတစ်ခုမှ ဟု ယူဆရသည့် အဖွဲ့ဝင် ခြောက်ဦးတို့ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ အလုပ်လုပ်ခွင့် ကတ်ပြားများ၊ အလုပ်သမား အမည်စာရင်းများ နှင့် Singpass တိုကင်ပြားများ ကိုလည်း သိမ်းဆည်းရမိ ခဲ့ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှု များကို လုပ်ဆောင်လျက် ရှိသည်။

နိုင်ငံခြားသား အလုပ်သမား များကို တရားမဝင် ခေါ်သွင်းလာသည့် လုပ်ငန်းစု များသည် ထုံးစံအတိုင်း လက်အောက်ခံ ကုမ္ပဏီများ တည်ထောင်ခြင်း၊ ညွှန်ကြားရေးမှူး များအဖြစ် လူမိုက်များကို ငှားရမ်းခြင်း နှင့် အလုပ်လုပ်ခွင့် လျှောက်လွှာ အတုများ မမှန်မကန် ပြုလုပ်ရန် အတွက် ၄င်းတို့၏ Singpass အကောင့်များကို လွဲမှားစွာ အသုံးပြုခြင်းတို့ လုပ်ဆောင်လေ့ ရှိကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက် အရ သိရသည်။

ယခု ဖမ်းဆီးခံရသူ များသည် ပြစ်မှုထင်ရှား ကြောင်းတွေ့ရှိရ ပါက ထောင်ဒဏ် နှစ်နှစ်၊ စင်ကာပူဒေါ်လာ ၆ဝဝဝ အထိနှင့် ကြိမ်ဒဏ် ပေးခြင်းတို့ကို ခံရမည် ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
တရားမ၀င် အလုပ်သမားခေါ်သွင်းသူ ၄၄ ဦးကို စင်ကာပူဖမ်းဆီး  တရားမ၀င် အလုပ်သမားခေါ်သွင်းသူ ၄၄ ဦးကို စင်ကာပူဖမ်းဆီး Reviewed by THITHTOOLWIN on 14:17 Rating: 5
Powered by Blogger.