ဌာနပိုင်မြေပေါ်မှ ဆိုင်ခန်း ၂၀ သက်ဆိုင်ရာက ရှင်းလင်း ဖယ်ရှား

( ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်း မီးပွိုင့်ထောင့်က ဌာနပိုင်မြေပေါ်မှ ဆိုင်ခန်း ၂၀ကို သြဂုတ်လ ၁၄ ရက်နေ့က ရှင်းလင်းဖယ်ရှားနေစဉ် ) Photo: Aung Thain Kha/ RFA
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်း မီးပွိုင့်ထောင့်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ဆိုင်ခန်း ၂၀ ကို ဒီနေ့မနက်က စည်ပင် နဲ့ ရဲဝန်ထမ်း ၂၀၀ လောက်နဲ့ ဖယ်ရှားလိုက်ပါတယ်။

အစိုးရပိုင်မြေဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ဖယ်ရှားတာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး က ပြောပါတယ်။

ဒါ့အပြင် ၀န်ကြီးဌာနအနေနဲ့ အခုလို အင်အားသုံးပြီး ဖယ်ရှားမယ့် အကြောင်းကိုလည်း ဆိုင်ရှင်တွေကို တစ်ပတ်ကြိုပြီး အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

ဖယ်ရှားခံလိုက်ရတဲ့ ဆိုင်ခန်းတွေဟာ ၀န်ကြီးဌာနပိုင်မြေကို ငှားရမ်းထားတာ နှစ်ပေါင်း ၂၀ လောက် ရှိနေပြီဖြစ်ပြီး အခိုင်အခံ့ဆောက်လုပ်ထားတဲ့ စားသောက်ဆိုင်၊ စက်ချုပ်ဆိုင်၊ ဂက်စ်မီးဖိုအရောင်းဆိုင်တွေ ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်ကျော်ကတည်းက အဲဒီဆိုင်တွေဆီကနေ ၀န်ကြီးဌာနက မြေငှားခ မကောက်ခံတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို အင်အားသုံးပြီးဖယ်ရှားခံရတဲ့ကိစ္စကို ဆန္ဒပြဖို့အတွက် ဆိုင်ခန်းရှင်တွေက ခွင့်ပြုမိန့်တင်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဌာနပိုင်မြေပေါ်မှ ဆိုင်ခန်း ၂၀ သက်ဆိုင်ရာက ရှင်းလင်း ဖယ်ရှား  ဌာနပိုင်မြေပေါ်မှ ဆိုင်ခန်း ၂၀ သက်ဆိုင်ရာက ရှင်းလင်း ဖယ်ရှား Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.