နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းမွန်

( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်) Photo: RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ UPDJC အစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါက်တာတင်မျိုးဝင်းက ပြောတာဖြစ်ပါတယ်။

ဒေါက်တာတင်မျိုးဝင်းဟာ ငြိမ်းချမ်းရေးကော်မရှင်မှာ တာဝန်မယူခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်အဖြစ်ဆောင်ရွက်ခဲ့တာဖြစ်သလို လက်ရှိမှာလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြည့်ရှုပေးနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှာ ဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။

UPDJC အစည်းအဝေးမှာ ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်နိုင်မယ့်သူတွေစာရင်းနဲ့ အစည်း အဝေးကျင်းပမယ့်ရက်နဲ့ အစည်းအဝေးကျင်းပမယ့် ကာလကို အတည်ပြုသွားဖို့ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းမွန်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းမွန် Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.