ထိုင်းနိုင်ငံ ပြည့်တံဆာ ရှင်းလင်းရေးက နိုင်ငံ စီးပွားရေးကို ထိခိုက်လာနိုင်


2August 2016

ထိုင်းအစိုးရရဲ့  မူဝါဒ အသစ်အရ ဇိမ်ခန်းတွေနဲ့  အချောက် ပြည့်တံဆာ တွေ ကို ပါ အပြတ်ရှင်းဖို့  လုပ်ဆောင်နေတာဟာ နိုင်ငံရဲ့  ၀င်ငွေ အများဆုံး ရနေတဲ့ နိုက်ကလပ်နဲ့  လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ ကို ရှင်းပစ်မယ်ဆိုရင် ထိုင်းစီးပွား ကျဆင်းလာပြီး အလုပ်လက်မဲ့ တွေ ပိုမိုများပြားလာမှာဖြစ်တယ်လို့ စာရေးသူ Alex Hickson က dailystar အွန်လိုင်း မှာ ဆောင်းပါး အဖြစ် ရေးသားဖေါ်ပြထားပါတယ်။


ထိုင်းနိုင်ငံမြို့ ကြီးတွေ ပင်လယ် ကမ်းခြေတွေ ရဲ့  အဓိက နိုင်ငံခြားသားတွေ လာရောက်နေကြတဲ့ လိင်ဖျော်ဖြေရေးဇုံ နေရာတွေမှာ လိင်လုပ်သားတွေကို အဖမ်းအဆီးတွေများ လာနေလို့  နိုင်ငံခြားသားတွေ သိသိသာသာ နည်းပါး လာတာတွေ့ ရပါတယ်။ ခုလိုလုပ်ရပ်ဟာ ထိုင်းမှာ စီးပွားပျက်ကပ် ရင်ဆိုင်လာရမယ်လို့ လည်း ပြော ဆိုနေကြပါတယ်။


ထိုင်းနိုင်ငံ မှာ ၂၀၁၄ ခုနှစ် UNAIDS ရဲ့ စစ်တမ်းအရ ပြည့်တန်ဆာပေါင်း တစ် သိန်းကျော် ရှိနေကြောင်း (123,530 sex workers )အစိုးရအနေ နဲ့  ပြည့်တန် ဆာ လုပ်ငန်းဟာ တရားဝင် ခွင့်ပြုထားတာ မဟုတ်ပေမယ့် သက်ဆိုင်ရာနဲ့  ရဲတွေကို လဒ်ငွေအကောက်ပေးပြီး လုပ်ကိုင်နေကြရတာဖြစ်တယ်လို့  သိရ ပါတယ်။

ထိုင်း တနိုင်ငံလုံး ပြည့်တံဆာ တွေ ရှင်းသွားဆိုတာဟာ နှစ်ပေါင်းများစွာ လိင်ရောင်း ၀ယ်ရေး အမြစ်တွယ်နေတဲ့ နိုင်ငံမှာ ဧရာမစိန်ခေါ် မှုတွေ နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါ တယ်။

By Alex Hickson
Daily Star
Social Action for Women - SAW
ထိုင်းနိုင်ငံ ပြည့်တံဆာ ရှင်းလင်းရေးက နိုင်ငံ စီးပွားရေးကို ထိခိုက်လာနိုင်  ထိုင်းနိုင်ငံ ပြည့်တံဆာ ရှင်းလင်းရေးက နိုင်ငံ စီးပွားရေးကို ထိခိုက်လာနိုင် Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.