မွတ်ဆလင်တွေ ခရစ်ယာန် ဘုရားကျောင်းတက်တာကို ကြိုဆိုကြ


ပြင်သစ်နိုင်ငံက ​မွတ်ဆလင်လူငယ် ​နှစ်ယောက်က ​ဘုန်းတော်ကြီး ​တစ်ပါးကို ​လည်လှီးသတ်ဖြတ်တဲ့ ​ကိစ္စကို ​ဆန့်ကျင်တဲ့အနေနဲ့ ​မွတ်ဆလင် ​ဘာသာရေး ​ခေါင်းဆောင်တွေက ​ကက်သလစ် ​ဘုန်းကြီးကျောင်းကို ​တက်ပြီး ​ဝတ်ပြုမှုမှာ ​ပါဝင်လိုက်ကြပါတယ်။

မွတ်ဆလင်တချို့ရဲ့ ​အကြမ်းဖက် ​လုပ်ရပ်ကို ​မွတ်ဆလင်အများစုက ​လက်မခံဘူး ​ဆိုတာကို ​ပြသနဲ့အနေနဲ့ ​ဘုရားကျောင်းတက်တာကို ​ကက်သလစ်ဘာသာဝင်တွေကလည်း ​ကြိုဆိုနေကြပါတယ်။

အသက် ​၈၆ ​နှစ်အရွယ် ​ဘုန်းတော်ကြီး ​Jacques ​Hamel ​ဟာ ​ဘုရားကျောင်းအတွင်း ​ဘုရားဝတ်ပြုပွဲ ​ကျင်းပနေတုန်း ​တခြားလူတွေနဲ့အတူ ​ဓားစာခံအဖြစ် ​ဖမ်းဆီးခံရပြီး ​လည်လှီးသတ်ဖြတ်ခံခဲ့ရတာ ​ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်ကလည်း ​မနေ့တုန်းက ​လူပေါင်း ​၂ ​သန်းနဲ့ ​ဘုရားဝတ်ပြုပွဲ ​ကျင်းပခဲ့ပြီး ​အစ္စလာမ်ကို ​အကြမ်းဖက်နဲ့ ​ဆက်စပ်တဲ့အမြင်ကို ​လက်မခံနိုင်ဘူးလို့ ​ပြောသွားခဲ့ပါတယ်။

ပိုလန်နိုင်ငံမှာ ​ပြုလုပ်တဲ့ ​ဝတ်ပြုဆုတောင်းပွဲအတွင်း ​ပုပ်ရဟန်းမင်းကြီးက ​ဘာသာတိုင်း ​ဘာသာတိုင်းမှာ ​အစွန်းရောက်တဲ့ ​လူနည်းစုတွေ ​ရှိတဲ့အကြောင်း ​အစ္စလာမ် ​ဘာသာကို ​အကြမ်းဖက်မှုနဲ့ ​ရောပြီး ​မြင်တာကို ​လက်မခံနိုင်ဘူးလို့ ​ပြောပါတယ်။

သူနေထိုင်တဲ့ ​အီတလီနိုင်ငံမှာ ​ဆိုရင်လည်း ​အကြမ်းဖက်မှုတွေကို ​နေ့တိုင်း ​သတင်းမှာ ​ဖတ်ရပြီး ​အဲဒါတွေကတော့ ​လူတစ်ယောက်က ​သူ့ရည်းစားကို ​သတ်ပစ်တဲ့အကြောင်း၊ ​တခါတလေ ​ယောက်က္ခမ ​ဖြစ်သူကို ​သတ်ဖြတ်တဲ့ ​သတင်းတွေကို ​ဖတ်ရပြီး ​သတ်ဖြတ်မှု ​လုပ်တဲ့လူဟာ ​ငယ်ငယ်တုန်းက ​ကက်သလစ် ​ဘာသာ ​ခံယူခဲ့သူ ​ဖြစ်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။

မွတ်ဆလင်တိုင်းက ​အကြမ်းဖက်သူတွေ ​မဟုတ်ပဲ ​အကြမ်းဖက်မှု ​ဆိုတာ ​ငွေကို ​ဘုရားတစ်ဆူလို ​ကိုးကွယ်လို့ ​ဖြစ်ရတာတွေ၊ ​တခါတလေ ​လောဘ ​ဒေါတတွေကြောင့် ​ဖြစ်ရပြီး ​အကြမ်းဖက်မှုဟာ ​လူသားအားလုံးနဲ့ ​ဆန့်ကျင်တဲ့အရာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မွတ်ဆလင်တွေ ခရစ်ယာန် ဘုရားကျောင်းတက်တာကို ကြိုဆိုကြ မွတ်ဆလင်တွေ ခရစ်ယာန် ဘုရားကျောင်းတက်တာကို ကြိုဆိုကြ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.