မိုးသက်လေပြင်းကြောင့် ကျိုင်းတုံသျှမ်းအမျိုးသားကျောင်းပျက်စီး


ဩဂတ်စ် ၂၀ ရက် ၂၀၁၆

ဩဂတ်စ် ၁၉ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်သောကြောင့် ကျိုင်းတုံမြို့ရှိ သျှမ်းအမျိုးသားကျောင်းဆောင်နှင့် ကျောင်းသုံးပစ္စည်းများ ပျက်စီး မှု များကြောင်း သိရှိရသည်။

ဩဂတ်စ် ၁၉ - ၂၀ အတွင်းမိုးကြီး လေကြီးကျသောကြောင့် ကျိုင်းတုံမြို့ရှိ သျှမ်းအမျိုးသားကျောင်း သွပ်မိုးများလေနှင့်အတူလွှင့်ပါသွား ပြီး၊ ကျောင်း သုံးပစ္စည်းများလည်းမိုးစိုကုန်ကြောင်း၊ အလှူရှင်များမှလှူဒါန်းထားသော စာအုပ်၊ ဗလာစာ အုပ်များပျက်စီးကြောင်း၊ မိုးရွာသွန်းမှုကြောင့် ဓါတ်မီးတိုင်များကျိုးကျ၊ လျှပ်စစ်ဓါတ်ကြိုးပျက်ကျ မှုများကြောင့် ယမန်နေ့ည မှ ယနေ့အထိ မီးပျက်ေ နကြောင်း၊ နှစ်ရှည်ညောင်ပင်ကြီးများ နှင့် သစ်ပင်များကျိုးကျ မှုကြောင့် လမ်းသွားလမ်းလာခက်ခဲနေကြောင်း ကျိုင်းတုံမြို့ခံများ ပြောပြချက်အရ သိရသည်။

“အမိုးတွေ အတော်များများလွှင့်ပါသွားတော့ ကျောင်းသားတွေ ဒီတပတ် အတွင်းတော့ စာသင် ပျက်တော့မယ်။ အဲဒီ့အထဲမှာ ရှိတဲ့ ကျောင်းအ သုံး အဆောင်ပစ္စည်းတွေ မိုးထိတော့ ပျက်စီးတာပေါ့။ သုံးထပ်သားတွေပွကုန် တယ်။ စာအုပ်တွေ ရေနူးကုန်တယ်” - ဟု ကျိုင်းတုံ သျှမ်းအမျိုးသား ကျောင်း အုပ် ဆရာစိုင်းဆန်ဇန် က ပြောသည်။


ကျိုင်းတုံမြို့ ကတ်ဖကျေးရွာ (မိုင်းလားအသွားလမ်း) ရှိ သျှမ်းအမျိုး သားေ ကျာင်း သည် လွန်ခဲ့သည့် သုံးနှစ် က စတင်တည်ဆောက် လာခဲ့ကြောင်း သိရသည်။ သျှမ်းခေတ်သစ်စာ ၊ သျှမ်းရှေးဟောင်းကျမ်း ကန်စာ ၊ မြန်မာစာ၊ အဂ်လိပ်စာ စသည့် ဘာသာများ ပို့ချပေးကြောင်း၊ ကျောင်း နေ အခွင့်အရေး ဆုံးရှုံးသူများအဓိက ဦးစားေ ပးကြောင်း၊ ၁၀ တန်းကျ၍ ကျောင်းဆက်မတက်နိုင် သူ များ ၁၀ တန်း စာ ပြန်လည်ဆည်းပူးပြီး ၁၀ တန်းစာမေးပွဲများ ပြန်ဖြေခွင့်ရ ရန် စီစဉ်ေ ပးကြောင်း ဆရာ စိုင်းဆန်ဇန်က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောသည်။

သျှမ်းအမျိုးသားကျောင်းတွင် ဆရာ ဆရာမ ၇ ဦးအတွက် လစာအတွက် ကျိုင်းတုံမြို့ခံများထံ အလှူခံရ ကြောင်း၊ လက်ရှိတွင် အခန်း ၆ ခန်းရှိ နှစ် ထပ် တိုက် ကျောင်းဆောင်အသစ်တိုးချဲ့နေပြီး ကျောင်းသူ ကျောင်းသားများကိုပါတိုးချဲ့လက်ခံသွားဖို့ရှိကြောင်း၊ ကျောင်းဆောင်အသစ်အတွက် သော်လည်းကောင်း၊ ဆရာဆရာမ လစာအတွက်သော်လည်းကောင်း အလှူရှင်များရှိပါက လက်ခံသွားမည် ဖြစ်ကြောင်း ဆရာစိုင်းဆန်ဇန်က ပြောသည်။

မိုးသက်လေပြင်းကျရောက်မှုကြောင့် ကျိုင်းတုံအပြင်၊ တာချီလိတ် နှင့် သျှမ်းပြည် နယ်အရှေ့ပိုင်း မြို့အချို့၊ တောင်ပိုင်းမြို့နယ်အချို့ နှင့် သျှမ်းပြည်ြေ မာက်ပိုင်း မိုးမိတ်မြို့ နှင့် အခြားမြို့များလည်း မိုးသက်လေပြင်းဒဏ်ခံရသည်။

ဓါတ်ပုံ- လေပြင်းဒဏ်ကြောင့်ပျက်စီးသွားသည့် ကျိုင်းတုံအမျိုးသားကျောင်း (အမျိုးသားကျောင်းတည်ထောင်ရာတွင်ပါဝင်သူ ဆရာ စိုင်းဆာမ်တစ်ဆေေ ဖ့စ်ဘုခ်မှ ကူးယူဖော်ပြသည်)

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မိုးသက်လေပြင်းကြောင့် ကျိုင်းတုံသျှမ်းအမျိုးသားကျောင်းပျက်စီး  မိုးသက်လေပြင်းကြောင့် ကျိုင်းတုံသျှမ်းအမျိုးသားကျောင်းပျက်စီး Reviewed by THITHTOOLWIN on 03:37 Rating: 5
Powered by Blogger.