ဘုရားဖူးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ (၂)ဦးသေဆုံး


(6-8-2016) 8:00AM အချိန် မော်လမြိုင် - မုဒုံ သွားလမ်းမကြီး ကြာအင်းမင်းသန့် ဆီဆိုင်အလွန်တွင် မုတ္တမ မှလာသော ဘုရားဖူးမော်တော်ယာဉ် နှင့် မုဒုံဘက်မှ ကျောင်းသူ နှစ်ဦးမောင်းလာသော ဆိုင်ကယ်နှင့်တိုက်မိကာ မော်တော်ယာဉ်မှာ တိမ်းမှောက်ခဲ့ပါသည်။


 မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး RESCUE မော်လမြိုင်မှ ယာဉ် ၄ စီးဖြင့် သွားရောက်ကူညီပေးပြီး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ သေဆုံးသူ မိဘများနှင့် အဆက်အသွယ် ရရန်စုံစမ်းပေးခဲ့ပါသည်။

ဆိုင်ကယ်စီးအမျိုးသမီး မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၂ ဦးအနက် ၁ ဦးမှာဆေးရုံအရောက်တွင် ဒဏ်ရာပြင်းထန်၍ သေဆုံးသွားပါသည်။

မအဉ္ဇလီသန့်ဟု စာအုပ်တွင်ရေးထားပါသည်။ မုဒုံ ကွမ်လှာရွာမှဟုထပ်မံသတင်းရရှိပါသည်။


 မော်တော်ယာဉ်ပေါ်ပါရှိသော မုတ္တမ ကော့စိုင်ရွာနေ ဒေါ်ကျင်သိန်း အသက်(၇၂)နှစ်အမျုးသမီးတစ်ဦးမှာဆေးရုံရောက်ပြီး ၂ နာရီခန့်အကြာ နှလုံးရပ်၍သေဆုံးသွားပါသည်။

Mawlamyine Rescue Organization
ဘုရားဖူးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ (၂)ဦးသေဆုံး  ဘုရားဖူးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ (၂)ဦးသေဆုံး Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.