မြစ်ရေကြီးမှုကြောင့်စေတီတစ်ဆူပြိုလဲ ၊ လူနေအိမ်၁၀၀ကျော်ရေထဲမျာပါ


မိုးညို ၊ သြဂုတ် ၆၊

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့တွင် မြစ်ရေကြီးမှုကြောင့် သြဂုတ်လ ၆ရက်နေ့နံနက်ပိုင်းတွင် ပတ္တော်အုပ်စု ပတ္တော်ရွာဆည်မြောင်းတာဘေးရှိ မသိုးစေတီတစ်ဆူပြိုလဲခဲ့ပြီး နေအိမ် ၁၀၀ ကော်ျရေထဲမျောပါခဲ့ကြောင်း မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပီတာဒွဲလက သြဂုတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် AHN သို့ပြောသည်။

“ နောက်ဆုံးသိရတဲ့အချက်အလက်တွေအရ ၊အင်းတ္တော်လုပ်အုပ်စု၊ ထန်းပင်ကုန်းအုပ်စု ပတ္တော်ကျေးရွာအုပ်စုများရှိ လူနေအိမ်၃၃အိမ်အပါအ၀င် မိုးညိုမြို့နယ်ထဲကကျေးရွာတွေမှာရေကြီးလို့ အိမ်ခြေစုစုပေါင်း ၁၀၀ ကျော် ရေထဲမျောပါသွားခဲ့ပါတယ်။
ခုအခြေအနေအရ ကျွန်တော်တို့တွေ၊ လွှတ်တော်ကိုယ်စားတွေ ၊ဌာနေဆိုင်ရာတွေနဲ့လူမှုကူညီရေးအဖွဲ့တွေ စုပေါင်းပြီးတော့ မြို့မှာကယ်ဆယ်ရေးစခန်း ၂ခုဖွင့်ထားပြီး ရေဘေးသင့်သူတွေကို ကူညီပေးနေပါတယ်။

ဒီနေ့နံနက်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့စီစဉ်မှုနဲ့ ရေးဘေးသင့်အိမ်ထောင်စုတွေကို တစ်အိမ်ထောင်လျှင် ဆန်၃ပြည်၊ ဆီ၂၅ကျပ်သားစီ ဝေငှခဲ့ပါတယ်။ ရေကြီးလို့ထိခိုက်ဒဏ်ရာရတာ၊သေဆုံးတာမရှိပါဘူး၊ရေကြီးမှုနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ အခြားဌာနတွေကိုတင်ပြပြီးအကူအညီတောင်းထားပါတယ်။ “ ဟု ၄င်းကပြောသည်။

အစားအသောက်နှင့် ကျန်းမာရေးအတွက် ရေသန့်များလိုအပ်မှုရှိနေသည် ဟုလည်း ဦးပီတာဒွဲလကပြောသည်။

"ရေက တရိပ်ရိပ်တတ်လာတာဗျ။ အိမ်ကတော့ ရေစီးနောက်ပါသွားပြီ။ ကုန်းမြင့်ရာနေရာတွေမှာထဲထိုးပြီးနေနေရတယ်။ ကျတော်တို့ကတစ်နေ့လုပ်မှတစ်နေ့စားရတာဆိုတော့ ၀မ်းရေးအတွက်အခက်အခဲဖြစ်နေတာပေါ့"ဟုမကျီးကုန်းရွာသား တစ်ဦးကပြောသည်။

မိုးညိုမြို့ နယ်သည်ဧရာဝတီမြစ်နှင့်မြစ်မခမြစ်အကြားတွင် တည်ရှိသည့် မြို့ဖြစ်ရာ ၂၀၁၅ခုနှစ်ကလည်းရေကြီးရေလျှံမှုမှုဒဏ်ကို အများဆုံးခံခဲ့ရသောမြို့ ဖြစ်သည်ဟုဒေသခံများကပြောသည်။

ကျော်သူရ (မိုးညို )
PHOTO - KTY ( AHN )
The Asia Heart News
မြစ်ရေကြီးမှုကြောင့်စေတီတစ်ဆူပြိုလဲ ၊ လူနေအိမ်၁၀၀ကျော်ရေထဲမျာပါ  မြစ်ရေကြီးမှုကြောင့်စေတီတစ်ဆူပြိုလဲ ၊ လူနေအိမ်၁၀၀ကျော်ရေထဲမျာပါ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.