မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်ဖြစ်သည် တောင်ပြုန်း ရိုးရာနတ်ပွဲ မတ္တရာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပ


မန္တလေး သြဂုတ် ၁၅

မြန်မာနိုင်ငံတွင် အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် တောင်ပြုန်းပွဲတော်ကို စတင်ကျင်းပလျက်ရာ မြန်မာနိုင်ငံတစ်ဝှမ်းမှ လာရောက်ဆင်နွှဲနေသူများဖြင့် စည်ကားနေကြောင်းသိရသည်။အဆိုပါ ထူးခြားခြား ရက်ရှည်ကျင်းပသည့် ရိုးရာနတ်ပွဲကြီးကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် သြဂုတ်၁၁ ရက်က စ၍ ကျင်းပလျက်ရှိရာ ၅ ရက်မြောက်နေ့အဖြစ် ယနေ့ဆက်လက်ကျင်းပလျက်ရှိသည်။


တောင်ပြုန်းပွဲတော်ဟု လူသိများသောအဆိုပါပွဲတော်ကြီးကို ၀ါခေါင်လဆန်း ၈ ရက် သြဂုတ် ၁၁ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မနေ့က ပြုလုပ်သည့် ပွဲမှာ ပွဲတော်ကြီး၏ အစည်ကားဆုံးရက်ဖြစ်သည့် တောင်ပြုန်းမင်းနှစ်ပါး ချိုးရေတော်သုံးပွဲအခမ်းအနားဖြစ်သည်။ နောက်ရက်များတွင်လည်း နတ်သဘင်အခမ်း အနားများ ဖြင့်ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ၀ါခေါင်လပြည့်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ် ကြောင်း သိရသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/
မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်ဖြစ်သည် တောင်ပြုန်း ရိုးရာနတ်ပွဲ မတ္တရာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပ  မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်ဖြစ်သည် တောင်ပြုန်း ရိုးရာနတ်ပွဲ မတ္တရာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.