မြဝတီသို့ တက်မည့်ကား ကော့ကရိတ်တွင် တိမ်းမှောက် လူတစ်ဦးသေဆုံး ၃ ဦးဒဏ်ရာရ


14/8/2016 မနက် ၉း၀၅ နာရီအချိန်ခန့် က ကော့ကရိတ် အာရှလမ်းမကြီး ကော့နွဲကျေးရွာ မရောက် ခင် အနီးတွင် မြဝတီသိုတက်ရန် စောကျော်မင်း မောင်းနှင်လာသော ဂါယာ အဖြူရောင်ယာဉ်တွင် ဝင်းထွန်း ၃၂နှစ် (ဘ) ဦးသိန်းလွင် အမှတ်၃ ကြံခင်း မြဝတီ၊ အောင်အောင်၂၀နှစ် (ဘ) ဦးဇော်နိုင် ဝေါမြို့ ပဲခူးတိုင်း နေထိုင်သူ၊ အမည်စုံစမ်းစဲ သေဆုံးသူတို လိုက်ပါလာပြီး ကော့နွဲကျေးရွာ မရောက်ခင် လမ်းမကြီး ပေါ်တွင် နွားဖြတ်သည်ကို တွေ၍ ဘရိတ်နင်းလိုက်ရာမှ စလစ်ဖြစ်ပြီး လမ်းဘေးလယ်ကွက် မြောင်းသို လိပ်သွားပြီး အခင်းဖြစ် နေရာတွင် အမည်စုံစမ်းစဲ ဝဲနဖူးပြတ်ရှ နစ်ဝင်ဒဏ်ရာ ယာမေးစေ့မှ့ စပြီး ဝဲဖက်ပခုံး အနီးထိ လည်ပင်းပြတ် ဒဏ်ရာများဖြင့် ကွယ်လွန် သွားခဲ့ပါသည်။


ယာဉ်မောင်းစောကျော်မင်း ခါရိုကျိုးဒဏ်ရာ ပွန်းပဲဒဏ်ရာ များ ရှိခဲ့ပြီး ဝင်းထွန်းမှာ နံရိုနာကျင် ခြေထောက် ထိခိုက်နာကျင် အောင်အောင် ဦးခေါင်းထိခိုက် မူးဝေ ခြေလက်များ ပွန်းပဲ့ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပါသည်။


ကော့ကရိတ် အရေးပေါ်ကယ်ဆယ်ရေး မြန်မာRESCUE အဖွဲ့ သည် အခင်း ဖြစ်ပွားသည်နှင့် အချိန်နှင့် တပြေညီ ချက်ခြင်း ရောက်ရှိခဲ့ပြီး လူနာများအား ကားတွင်းမှ တံခါးဖျက် ဆွဲထုတ်ကာ လိုအပ်သည်များ ပြု့စုပေး၍ ကော့ကရိတ် ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာတင် ယာဉ်သုံးစီးဖြင့် ပိုဆောင်၍ ဓါတ်မှန်ရိုက်ကူးပြီး ချိန်ထိ ကူညီဆောင်ရွက် နေပါသည်။


သေဆုံးသူထံမှ CASIO အမျိုးစား ကျားပတ်နာရီ ၁လုံး၊ Imobtle အဖြူရောင်ဖုန်း၁လုံး၊ SAMSUNG ခေါက်ဖုန်း ၁လုံး၊ ဆိုင်ကယ်သော့၂ချောင်း၊ TEXASသော့တွဲ၁တွဲ၊ လက်ကိုင်ပိုက်ဆံအိတ် အမဲတစ်လုံး၊ အတွင်း၌ ထိုင်း ခရက်ဒစ်ကဒ်တခု (အေးအေးအောင်အမည်ဖြစ်) ထိုင်းဘတ်ငွေ ၅၀ တန် တစ်ရွက်၂၀တန်တစ်ရွက် ၁၀ဘတ်စေ့တစ်စေ့ ၅ဘတ်စေ့၂စေ့ လက်တွင် ဝတ်ဆင် ထားသော အဖြူရောင် ကျောက်အစိမ်းရောင် လက်စွပ် တစ်ကွင်း ပါရှိ ထိမ်းသိမ်းထားပါသည်။

Ko Lu Pyo(ကော့ကရိတ် Rescue)
မြဝတီသို့ တက်မည့်ကား ကော့ကရိတ်တွင် တိမ်းမှောက် လူတစ်ဦးသေဆုံး ၃ ဦးဒဏ်ရာရ  မြဝတီသို့ တက်မည့်ကား ကော့ကရိတ်တွင် တိမ်းမှောက် လူတစ်ဦးသေဆုံး ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.