နိုင်ငံတကာ TV ဂြိုလ်တု ဆက်သွယ်ရေး စလောင်းပေါင်း တစ်သိန်း (၁၀၀၀၀၀) အား အီရန် အာဏာပိုင်တွေ ဖျက်ဆီး


Breaking news on 25July 2016

နိုင်ငံတကာ TV ဂြိုလ်တုစလောင်းတွေဟာ တိုင်းပြည်အတွက် အဆိပ် အတောက်ဖြစ်စေပြီး ခလေးတွေ လူငယ်တွေကြားမှာ အတုယူမှာပြီး စိတ်ဓါတ်တွေ ရိုင်းစိုင်းလာတယ်၊ အစ္စလာမ် ယဉ်ကျေးမှု ကို ဖျက်ဆီးနေ တာကြောင့် အီရန်နိုင်ငံ တီဟီရန်မြို့ မှာ အာဏာပိုင်တွေက ဂြိုလ်တုစလောင်း ပေါင်း ၁၀၀၀၀၀ (တစ်သိန်း) ကို ပြည်သူတွေဆီကနေ သိမ်းယူခဲ့ပြီး လမ်းမပေါ်မှာ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။


အီရန်နိုင်ငံမှာ နိုင်ငံတကာ သတင်းအစီအစဉ်တွေကို မကြည်ကြဖို့  ဥပဒေနဲ့  တားမြစ်ထားတာကို ပြည်သူက မလိုက်နာဘဲ လူ ၁၀၀ မှာ ၇၀ ဟာ ဥပဒေချိုးဖေါက်နေတယ်လို့  ယဉ်ကျေးမှု ၀န်ကြီး Ali Jannati အလီဂျနတီက ပြောပါတယ်။


နောက်ပိုင်း ဂြိုလ်တု စလောင်းတွေ သုံးတာ မိခဲ့ရင် ဒေါ်လာ ၂၈၀၀ နဲ့  ညီတဲ့ အီရန်ငွေကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

Aljazeera .com
Social Action for Women - SAW
နိုင်ငံတကာ TV ဂြိုလ်တု ဆက်သွယ်ရေး စလောင်းပေါင်း တစ်သိန်း (၁၀၀၀၀၀) အား အီရန် အာဏာပိုင်တွေ ဖျက်ဆီး  နိုင်ငံတကာ TV ဂြိုလ်တု ဆက်သွယ်ရေး စလောင်းပေါင်း တစ်သိန်း (၁၀၀၀၀၀) အား အီရန် အာဏာပိုင်တွေ ဖျက်ဆီး Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.