ယူနီကုတ်သာသုံးရမည်

ယူနီကုတ် အသုံးပြုနည်း ပုံစံကို တွေ့ရစဉ် Photo: Myanmar Language
ယူနီကုတ်နဲ့ ဇော်ဂျီ ဖောင့်၂ မျိုးရှိရာမှာ အစိုးရ၀န်ကြီးဌာနတွေအနေနဲ့ ယူနီကုတ်ကိုသာ အသုံးပြုဖို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

အရင်က စံသတ်မှတ်ချက်မရှိခဲ့ပေမယ့် အခု အစိုးရလုပ်ငန်းတွေအတွက် စံသတ်မှတ်လိုက် တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုး က ပြောပါတယ်။

တချို့ဝန်ကြီးဌာနတွေမှာ အရင်ကတည်းက ယူနီကုတ်ကို သုံးစွဲနေပြီဖြစ်ပေမယ့် မသုံးကြသေးတဲ့ ဌာနတွေရှိနေတယ်လို့လည်း ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နဲ့ ကွန်ပျူတာဖွံ့ဖြိုးရေး ကောင်စီအဖွဲ့ဝင်တွေဟာ ယူနီကုတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုနိုင်ရေးကို မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းမှာ တယ်လီဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုသူတွေဟာ ယူနီကုတ်ကို အသုံးပြုတာနည်းပြီး ဇော်ဂျီကိုသာ သုံးစွဲကြတာဖြစ်ပါတယ်။ မြန်မာ့ဆက် သွယ်ရေး၊ အော်ရီဒူး၊ တယ်လီနော စတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကိုလည်း သုံးစွဲသူတွေထံ စာပေးပို့တဲ့အခါ ဇော်ဂျီဖောင့်နဲ့ ယူနီကုတ်ကို ရောပြီး ပေးပို့ဖို့ လည်း တောင်းဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ယူနီကုတ်သာသုံးရမည်  ယူနီကုတ်သာသုံးရမည် Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.