လင်းခေးခရိုင် လင်းခေးမြို့လယ်ခေါင် ပရိယတ္တိစာသင်တိုက်ကြီးမီးလောင် ကျပ်သိန်းထောင်ချီဆုံးရှုံး


ဂျူလိုင်လ ၂၄ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် မြို့လယ်ခေါင်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုကြောင့် ကျောင်းေ ဆာင် တခုလုံးပြာကျဆုံးရှုံးခဲ့ရသည်။

လင်းခေးမြို့နယ်အတွင်းရှိ သံဃာတော်များ ပရိယတ္တိစာသင် စာဖြေသည့် သက်တမ်းရင့်ကျောင်းဖြစ်သည့် မဟာဝိဟာရ ကျောင်းကြီးေ ကျာင်း ခေါ် ကျောင်းလုံကျောင်းတိုက် ပင်မကျောင်းဆောင်ကြီးအား ဂျူလိုင်လ ၂၃ ရက်ညက ကျောင်းဆောင်အပေါ်ထပ်မှဝါယာရှော့ဖြစ်ကာ မီးလောင်ရခြင်ြး ဖစ်ကြောင်း မြို့နယ်အာဏာပိုင်များစစ်ဆေးချက်အရသိရသည်ဟု မီး ၀ိုင်းသတ် သူ မြို့ခံလူငယ်စိုင်းသီဟ ကပြောသည်။


“ည ၉ နာရီ မိနစ် ၅၀ ကမီးစလောင်တယ်။ ည ၁၁ ခွဲလောက်မှမီးညွန့်ကျိုး တယ်။ မီးသတ်ကား ၃ စီးလည်း မနိုင်ဘူး။ ကျနော်တို့မြို့ခံ လူငယ်တွေလည်း သွားဝိုင်းသတ်တယ် ။ မီးကူးတာတအားမြန်တယ်။ ကျွန်းသစ်ကျောင်းေ ဆာင်ကြီးလေ။ ခုတော့ ပြာကျကုန်ပြီ။” - ဟု မီးငြိမ်းသတ်ရာမှ ပြန်လာသူ စိုင်းသီဟ ကပြောသည်။

အဆိုပါကျောင်းဆောင်ကြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း ၂၀၀၀ ၀န်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ၊ လူသူထိခိုက်ဒဏ်ရာရခြင်း အိုးအိမ်များသို့မီးကူးစက်ခြင်းတော့မရှိကြောင်း မြို့ခံ ဦးစိုင်းကလည်းပြော ဆိုသည်။

ဓါတ်ပုံ- လင်းခေးမြို့ မဟာဝိဟာရ စာသင်တိုက်ကြီးအား မီးလောင်နေသည်ကိုတွေ့ရစဉ်
အဆိုပါကျောင်းဆောင်ကြီးသက်တမ်းမှာ နှစ် ၅၀ ၀န်းကျင်ခန့်ရှိပြီး ကျောင်းေ ဆာင် အတွင်း ရှေးဟောင်းဘုရားဆင်းထုတော်များ အများအပြားရှိကြောင်း၊ ထို့အပြင် ကျောင်းရိက္ခာဖြစ်သော ဆွမ်းဆန်စိမ်းများ ဆီဆားများလည်းအဆို ပါေ ကျာင်းဆောင်တွင်သိုလှောင်သိမ်းဆည်းကြောင်း၊ အဆိုပါေ ကျာင်းေ ဆာင်တွင် လပြည့်လကွယ်ဥပုတ်နေ့တိုင်း ရွာသူရွာသားများ တရားနာ ဥပုတ်စောင့်မှုများပြုကြကြောင်း မြို့ခံ စိုင်းနီ ကလည်းပြောပါသည်။

“လင်းခေးမြို့က ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုရှိတာကြောင့် မီးလောင်လွယ် တယ်။ ၁၉၉၅ ခုနှစ်လောက်တုန်းက မီးအကြီးအကျယ်လောင်ခဲ့ဖူး တယ်။ ဒေ သခံတွေကအဲတာကိုသင်ခန်းစာရထားတော့ မီးဟေ့ ဆိုရင်လန့်ကြတယ်။” - ဟုပြောဆိုသည်။

အဆိုပါ မီးဒဏ်သင့် မဟာဝိဟာရကျောင်းကြီးကျောင်းတွင် လက်ရှိ ဆရာေ တာ် သံဃာတော်နှင့် စာသင်ကိုယ်ရင်ငယ်စုစုပေါင်းအပါး ၆၀ ၀န်းကျင်ရှိေ ကြာင်း၊ လင်းခေးမြို့တွင်းရှိ မြို့ဦး ရပ်ကွက် (၀မ့်လွယ်)၊ ကွက်သစ်ရပ် ကွက်၊ ဈေးတန်းရပ်ကွက်၊ မြို့မ (၀မ့်လုံ) အရှေ့ရပ်၊ အနောက်ရပ် မှဒေသ ခံများ ကျောင်းတက်အလှူပြုသည့် ကျောင်းဖြစ်ကြောင်း၊ လင်းခေးမြို့ မဈေးကြီးနှင့် မျက်နာချင်းဆိုင်ရှိ မြို့လယ်ခေါင်ကျသည့် ကျောင်း တကျောင်းဖြစ်ကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
https://www.facebook.com/Panglong.burmese
လင်းခေးခရိုင် လင်းခေးမြို့လယ်ခေါင် ပရိယတ္တိစာသင်တိုက်ကြီးမီးလောင် ကျပ်သိန်းထောင်ချီဆုံးရှုံး  လင်းခေးခရိုင် လင်းခေးမြို့လယ်ခေါင် ပရိယတ္တိစာသင်တိုက်ကြီးမီးလောင် ကျပ်သိန်းထောင်ချီဆုံးရှုံး Reviewed by THITHTOOLWIN on 04:59 Rating: 5
Powered by Blogger.