လင်းခေးမြို့ မဟာဝိဟာရ စာသင်တိုက် မီးလောင်မှု၊ ဘုရားမီးပူဇော်ထား သည့် နေရာမှ ဖယောင်းတိုင် လဲပြီး စတင် လောင်ကျွမ်းခဲ့သည်ဟုဆို


လင်းခေးမြို့ မြို့လယ်ခေါင်ရှိ မီးလောင်မှုဖြစ်ပွားခဲ့သည့် မဟာဝိဟာရ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် တာဝန်ရှိသူများနှင့် ဒေသ ခံပြည်သူများ ၀ိုင်းဝန်းကူညီသန့်ရှင်းရေး ဆောင်ရွက်ပေး

လင်းခေး ဇူလိုင်၂၄

လင်းခေးခရိုင်၊ လင်းခေးမြို့ မြို့လယ်ခေါင်ရှိ မဟာဝိဟာရ ပရိယတ္တိ စာသင်တိုက်၊ ကျောင်းကြီးကျောင်း (ကျောင်းလုံ)တွင် ဇူလိုင်လ(၂၃)ရက် ည(၁၀)နာရီ ၁၅မိနစ်အချိန်မှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ သတင်းရလျှင်ရခြင်း မြို့နယ်မီးသတ်ကား ၂စီး ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၀င်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များနှင့် မြို့နေ ဒေသခံပြည်သူများမှ လာရောက်ဝိုင်းဝန်းပြီး မီးငြိမ်းသတ် ခဲ့ သော်လည်း မီးလောင်မှု (မီးညွှန့်)အရှိန်ကြီးမားလာပြီး ည ၁၁ နာရီ ၊ ၂၄မိနစ်အထိ မီးဆက်လက်လောင်ကျွမ်း ခဲ့ရာ အလျား ၁၀၅ပေ၊ အနံ ၇၂ပေ၊ အမြင့် ၂၀ပေရှိသည့် အောက်တပ်အုတ်ကာ တမံတလင်းခင်း၊ အပေါ်ထပ် ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ် ကျောင်းဆောင်ကြီးတစ်ခုလုံး မီးလောင်ကျွမ်း သွားခဲ့ပါသည်။

မီးလောင်မှု ဖြစ်ပွားရသည့် ဖြစ်စဉ်မှာ အဆိုပါကျောင်းမှ ဘုရားမီးပူဇော်ထား သည့် နေရာမှ ဖယောင်းတိုင် လဲပြီး စတင် လောင်ကျွမ်းခဲ့သည်ဟု တာဝန်ရှိ သူတို့၏ စစ်ဆေးချက်အရ သိရှိရသည်။


အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုမရှိပါကြောင်း မီးလောင်ပြင်တွင် ယနေ့နံနက် ၅နာရီခွဲမှ စတင်ကာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား(၃)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများ နှင့် တာဝန် ရှိသူများ ပူးပေါင်းကာ မီးလောင်ပြင်မှ အဆောက်အဦးအပိုင်းအစများ ဖယ်ရှားခြင်း ၊လိုအပ်သည့် သန့်ရှင်းရေး လုပ်ငန်းများ ၀ိုင်းဝန်းစုပေါင်းကူညီ လုပ်ဆောင်ပေးလျှက်ရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်သည် များအား သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

လင်ခေးခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လင်းခေးမြို့ မဟာဝိဟာရ စာသင်တိုက် မီးလောင်မှု၊ ဘုရားမီးပူဇော်ထား သည့် နေရာမှ ဖယောင်းတိုင် လဲပြီး စတင် လောင်ကျွမ်းခဲ့သည်ဟုဆို   လင်းခေးမြို့ မဟာဝိဟာရ စာသင်တိုက် မီးလောင်မှု၊ ဘုရားမီးပူဇော်ထား သည့် နေရာမှ ဖယောင်းတိုင် လဲပြီး စတင် လောင်ကျွမ်းခဲ့သည်ဟုဆို Reviewed by THITHTOOLWIN on 12:00 Rating: 5
Powered by Blogger.