နေစွမ်းအင်သုံး လေယာဉ် ကမ္ဘာပတ်ခဲ့ပြီ

Solar Impulse 2 လေယာဉ် (Credit: AFP) 
လောင်စာဆီ ​မသုံးပဲ ​နေစွမ်းအင်နဲ့သာ ​ပျံသန်းတဲ့ ​Solar ​Impulse ​2 ​လေယာဉ်ဟာ ​ဒီကနေ့မှာပဲ ​ကမ္ဘာကို ​တစ်ပတ် ​ပတ်နိုင်သွားပြီ ​ဖြစ်ပါတယ်။

UAE ​နိုင်ငံ ​Abu ​Dhabi ​မြို့ကနေ ​လွန်ခဲ့တဲ့ ​၁၆ ​လကတည်းက ​စတင်ထွက်ခွာပြီး ​ကမ္ဘာကို ​ပတ်ရာကနေ ​ဒီမနက် ​အစောကြီးမှာပဲ ​Abu ​Dhabi ​မြို့ကို ​ပြန်လည်ရောက်ရှိလာတာပါ။

အဲဒီလေယာဉ်ဟာ ​ဝေဟင်ပေါ်မှာ ​နာရီပေါင်း ​၅၀၀ ​နီးပါး ​ဒါမှမဟုတ် ​မိုင်ပေါင်း ​၂၄၅၀၀ ​ပျံသန်းပြီး ​ကမ္ဘာကို ​ပတ်ခဲ့တာ ​ဖြစ်ပါတယ်။

လောင်စာဆီ ​လုံးဝ ​မသုံးပဲ ​နေစွမ်းအင်ကိုသာ ​အသုံးပြုပြီး ​ပျံသန်းတာဖြစ်လို့ ​အနာဂတ်မှာ ​အဲလိုနည်းနဲ့ ​ပျံသန်းနိုင်ဖို့ ​မျှော်လင့်ချက်တွေ ​ပိုရှိလာစေတာ ​ဖြစ်ပါတယ်။

Solar ​Impulse ​2 ​လေယာဉ်ဟာ ​မြေပေါ်ကို ​၁၆ ​ကြိမ် ​ရပ်နားခဲ့ရပြီး ​ရပ်နားခဲ့တဲ့ ​နိုင်ငံတွေထဲမှာ ​အိုမန်၊ ​အိန္ဒိယ၊ ​မြန်မာ၊ ​တရုတ်၊ ​ဂျပန်၊ ​အမေရိကန်၊ ​စပိန်၊ ​အီဂျစ်စတဲ့ ​နိုင်ငံတွေလည်း ​ပါဝင်ပါတယ်။

ရာသီဥတု ​အခြေအနေကြောင့် ​တချို့နေရာမှာ ​လနဲ့ချီ ​ရပ်နားရတာမျိုးတွေလည်း ​ရှိခဲ့ပါတယ်။

အဲဒီလေယာဉ် ​အခုလို ​ပျံသန်းနိုင်အောင် ​Abu ​Dhabi ​က ​ကုမ္ပဏီတစ်ခုက ​အဓိက ​ပါဝင်တာဖြစ်သလို ​ရေနံချမ်းသာ ​ကြွယ်ဝတဲ့ ​UAE ​အစိုးရဟာလည်း ​ပြန်လည် ​အသုံးပြုနိုင်တဲ့ ​စွမ်းအင် ​renewable ​energyမှာ ​ဒေါ်လာ ​ဘီလီယံနဲ့ချီ ​ရင်းနှီးမြုပ်နှံပြီး ​ရေနံအပေါ် ​မမှီခိုရအောင် ​ကြိုးစားလုပ်ဆောင်နေတယ်လို့ ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

နေစွမ်းအင်သုံး လေယာဉ် ကမ္ဘာပတ်ခဲ့ပြီ  နေစွမ်းအင်သုံး လေယာဉ် ကမ္ဘာပတ်ခဲ့ပြီ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.