မြန်မာအစိုးရက စီးပွားရေး ပေါ်လစီ ကြေညာမယ်


NLD ​ဦးဆောင်တဲ့ ​မြန်မာအစိုးရက ​ဒီတပတ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေး ​အစီအစဉ်တွေကို ​ချပြဖို့ ​ရှိနေတဲ့အတွက် ​စီးပွားရေး ​အသိုင်းအဝိုင်းက ​အနီးကပ် ​စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ​စီးပွားရေးပေါ်လစီ ​အသေးစိတ်တွေ ​မရှိသေးတဲ့အတွက် ​စီးပွားရှင်တွေ၊ ​ရင်းနှီးမြုပ်နှံသူတွေက ​စိုးရိမ်ပြီး ​ခိုင်မာတဲ့ ​စီးပွားရေး ​ပေါ်လစီတွေ ​ပေါ်ထွက်လာဖို့ ​စောင့်ဆိုင်းနေကြပါတယ်။

မြန်မာနိုင်ငံ ​ဆူပါမတ်ကက်လုပ်ငန်းမှာ ​အကြီးဆုံး ​ဖြစ်တဲ့ ​City ​Mart ​Holdings ​Co. ​Ltd ​က ​ဆူပါမတ်ကက် ​အသစ်တွေ၊ ​hypermarket ​နဲ့ ​အထွေထွေ ​အရောင်းကုန်ဆိုင်တွေကို ​တိုးချဲ့ဖွင့်လှစ်ဖို့ ​ဆန္ဒရှိပေမယ့် ​အစိုးရရဲ့ ​စီးပွားရေး ​ပေါ်လစီကို ​စောင့်ဆိုင်းနေရတယ်လို့ ​ဆိုပါတယ်။

အစိုးရရဲ့ ​ပေါ်လစီက ​စီးပွားရှင်တွေနဲ့ ​ရင်းနှီးမြုပ်နှံသူတွေအတွက် ​ရှင်းလင်းမှုတွေ ​ဖြစ်စေနိုင်ပေမယ့် ​လိုလားသလောက် ​ပြုပြင်ပြောင်းလဲမှုတွေ ​ဖြစ်လာဦးမှာ ​မဟုတ်ဘူးလို့လည်း ​သုံးသပ်နေကြတဲ့အကြောင်း ​ရိုက်တာ ​သတင်းမှာ ​ပါရှိပါတယ်။

အစိုးရကတော့ ​ဒီတပတ်အတွင်း ​စီးပွားရေး ​မျှော်မှန်းချက် ​အစိတ်အပိုင်းတချို့ကို ​ချပြမှာ ​ဖြစ်ပြီး ​စိုက်ပျိုးရေး ​ကဏ္ဍတိုးတက်ရေးနဲ့ ​ပုဂ္ဂလိက ​ကဏ္ဍမှာ ​အလုပ်အကိုင်တွေ ​ပိုများလာဖို့ ​ကိစ္စတွေကို ​ဦးစားပေးသွားမယ်လို့ ​ပြောဆိုထားတာ ​ရှိပါတယ်။

အခုလောလောဆယ် ​ရန်ကုန်မြို့က ​တိုက်အိမ်အမြင့် ​ဆောက်လုပ်ရေး ​လုပ်ငန်းတွေကို ​ရပ်တန့်ဖို့ ​အစိုးရက ​ညွှန်ကြားထားပါတယ်။

အစိုးရဟောင်းလက်ထက်တုန်းက ​ခွင့်ပြုထားတဲ့ ​တိုက်အိမ်မြင့် ​လုပ်ငန်း ​၁၈၅ ​ခုကို ​ရပ်ဆိုင်းထားပြီး ​တချို့ကိစ္စမှာတော့ ​၃၁ ​ထပ်ဆောက်ဖို့ ​ရည်ရွယ်ထားတဲ့ ​တိုက်အိမ်တွေကို ​၁၂ ​ထပ်အထိ ​လျှော့ချဖို့ ​ညွှန်ကြားထားတာမျိုး ​ရှိတဲ့အတွက် ​အလုပ်သမား ​လျှော့ချလိုက်တာတွေနဲ့ ​ငွေကြေးအခက်အခဲတွေ ​ဖြစ်နိုင်တယ်ဆိုပြီး ​စိုးရိမ်မှုတွေ ​ရှိနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာအစိုးရက စီးပွားရေး ပေါ်လစီ ကြေညာမယ်  မြန်မာအစိုးရက စီးပွားရေး ပေါ်လစီ ကြေညာမယ် Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.