စမယ်ဒန် လူသတ်မှု မြန်မာနိုင်ငံသားတဦးအား ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့  ထုတ်ပြန်


9July 2016

ဘန်ကောက်မြိုနယ် ဘန့် ဘွန်ထရင်မြို့  နယ် စမယ်ဒန် အရပ်မှာ မှာ ယခုလ (၇)ရက် နေ့ ညက အမျိုးသမီးငယ်တဦး သတ်ဖြတ်ခံရမှုနဲ့  မြန်မာနိုင်ငံ သား နေမင်း (၂၈) နှစ်ကို စမယ်ဒန် ရဲစခန်းက ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ယနေ့ ထုတ် ထိုင်းသတင်းတွေ မှာဖေါ်ပြထားပါတယ်။

အူဘွန်ရချဌာနီသူ "ဒူရင်"အသက် (၂၄) နှစ် ဟာ လျက်စစ် အလုပ်ရုံမှာအလုပ်အတူ လုပ်နဲ့ သူ နေမင်းနဲ့  သူငယ်ချင်း ဖြစ်နေရာက ဇူလိုင်လ (၇)ရက်နေ့ မှာ သေဆုံးသူ အလုပ်ပြန်တာကို နေမင်း လိုက်ပို့ ခဲ့ကြောင်း မျက်မြင်သက်သေ အလုပ်ရုံ ၀န်ထမ်းတဦးက ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။


ထိုင်းရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးနေတဲ့ တရားခံလို့  ယူဆရသူ နေမင်းဟာ ဇနီးက ကိုယ်ဝန်(၈) လရှိနေပြီးဖြစ်ပြီး ၀န်ထမ်းအသစ်ရောက်လာတဲ့ သေဆုံးသူ အမျိုးသမီး ကို ရီးစားဖြစ်ဖို့ ကြိုးစားနေခဲ့တာကို သေဆုံးသူက လက်မခံခဲ့ကြောင်း၊ အခင်းဖြစ်ပွားတဲ့ ညပိုင်း ကုန်ဆုံဆိုင်တခုမှာ သေဆုံးသူ ကိုလိုက်ပို့ ရင်း ဆိုင်တဆိုင်မှာ အမျိုးသမီးနဲ့ အတူ ဘီယာ သောက် ခဲ့တာကို ဆိုင်ရှင်ရဲ့  CCTV မှတ်တမ်းအရ သိခဲ့ရပါတယ်။

ပြီးတဲ့နောက် သေဆုံးသူကို ဆိုင်ကယ်နဲ့  လိုက်ပို့ ဖို့  နေမင်းက အတင်း အကြပ် ခေါ်နေခဲ့ရာက စကားများနေခဲ့ပြီးတဲ့နောက်မှာ အမျိုးသမီးက နေမင်း ဆိုင်ကယ်နောက်လိုက်သွားကြောင်း သတင်းတွေ မှာဖေါ်ပြထားပါတယ်။

ရဲဆေးစစ်ချက်မှတ်တမ်းမှာ တရားခံနေမင်းဟာ လူပြတ်တဲ့နေရာ ဆီကို ခေါ်သွားပြီး မုဒိန်းကျင့်ဖို့  ကြိုးစားတာကို အမျိုးသမီးက ခုခံ ကာကွယ်ခဲ့ရာကနေ နောက်ဆုံး သတ်လိုက်တဲ့အထိ ဖြစ်ခဲ့ရတာလို့ ဖေါ်ပြထားပါတယ်။

ယနေ့ မှာ နေမင်းစီးခဲ့တဲ့ ဆိုင်ကယ် က သွေးကွက်တွေကို ရဲတွေက DNA စစ်ဆေးနေပါတယ်၊ အခင်းဖြစ်ပွားပြီး နောက်တနေ့ မှာ နေမင်း အလုပ်လာရောက် လုပ်ကိုင်ခြင်းမရှိ တော့ဘဲ ကိုယ်ဝန်ဇနီးနဲ့ အတူ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေး ခဲ့ကြောင်း သိရပါတယ်။

Daily news -Ch 7-Nation
Social Action for Women - SAW
စမယ်ဒန် လူသတ်မှု မြန်မာနိုင်ငံသားတဦးအား ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့  ထုတ်ပြန်  စမယ်ဒန် လူသတ်မှု မြန်မာနိုင်ငံသားတဦးအား ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့  ထုတ်ပြန် Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.