မဘသနှင့်ပတ်သက်၍ တိုင်းအစိုးရနှင့် ပူးပေါင်းဖော်ထုတ်သွားမည် ဆိုသောသတင်း မဟုတ်မှန်ကြောင်း ဦးပါမောက္ခ ပြောကြား


အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ဝင်ဟောင်းဖြစ်သူ မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက မဘသ၏ ဥဒေနှင့်မညီသော လုပ်ဆောင်ချက်များကို ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ပူးပေါင်းဖော်ထုတ်သွားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း ၎င်းက News Watch သို့ ပြောကြားသည်။

“အဲဒီသတင်းတွေက အများသတင်းတွေပါ။ ဆရာတော်အနေနဲ့ မဘသအဖွဲ့ကို နစ်နာအောင်မလုပ်ပါဘူး။ အစိုးရကိုလည်း နစ်နာအောင်ဆိုတဲ့ဆန္ဒမျိုး ဘုန်းကြီးမှာ မရှိပါဘူး။ အခု တက်နေတဲ့ သတင်းတွေ ဟာ အမှားတွေပါ” ဟု ဆရာတော်က မိန့်ကြားသည်။

ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ ဆရာတော် ဦးပါမောက္ခက မဘသအဖွဲ့၏ ဥပဒေနှင့်မညီသော အချက်များပါဝင် သည့် ဗီဒီယိုဖိုင်ကို အစိုးရအဖွဲ့ထံ ပေးပို့ထားပြီးဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း ကာ မဘသအဖွဲ့၏ ဥပဒေနှင့်မညီသော ဆောင်ရွက်ချက်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းများ လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦဖြိုးမင်းသိန်း၏ မဘသအဖွဲ့မရှိသင့်ကြောင်း ပြောဆိုမှုနှင့်ပတ်သက် ၍ အဖြူရောင်မဘသရှိသင့်ပြီး အရောင်ဆိုးထားသည့် မဘသမရှိသင့်ကြောင်း ဆရာတော်က ဆက်လက်မိန့် ကြားသည်။

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခသည် မဘသ(ဗဟို) မှ ၂၀၁၆ ခုနှစ် ဇွန်လ ၂၇ ရက်တွင် တရားဝင် နုတ်ထွက်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် မဘသ (ဗဟို) က နုတ်ထွက်ကြောင်းအသိအမှတ်ပြုသည့်စာကို လက်ခံရရှိခဲ့ သည်ဟု ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မဘသနှင့်ပတ်သက်၍ တိုင်းအစိုးရနှင့် ပူးပေါင်းဖော်ထုတ်သွားမည် ဆိုသောသတင်း မဟုတ်မှန်ကြောင်း ဦးပါမောက္ခ ပြောကြား  မဘသနှင့်ပတ်သက်၍ တိုင်းအစိုးရနှင့် ပူးပေါင်းဖော်ထုတ်သွားမည် ဆိုသောသတင်း မဟုတ်မှန်ကြောင်း ဦးပါမောက္ခ ပြောကြား Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.