နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့တွေ့ဆုံဖို့ ဝ၊မိုင်းလားအဖွဲ့က အဖွဲ့ဝင် ၁၁၀ ဦး နေပြည်တော်ရောက်ရှိနေ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ၀ နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေက အဖွဲ့ဝင်စုစုပေါင်း (၁၁၀)လောက် ဇူလိုင်လ(၂၈)မှာ နေပြည်တော်ကို ရောက်ရှိနေပြီလို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက 5 Plus ကိုပြောပါတယ်။


 ဒီ(၂)ဖွဲ့လုံးဟာ ဇူလိုင်လ (၂၈)ရက် မနက်(၁၀)နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံမှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


 မိုင်းလားအဖွဲ့ကို မိုင်းလားတပ်ဖွဲ့(NDAA) ခေါင်းဆောင် ဦးစိုင်းလင်းက ဦးဆောင်ပြီး ၀ အဖွဲ့ကိုတော့ ၀ ပြည်သွေးစည်းညီညွတ် ရေး ပါတီ(UWSP) ဒုတိယဥက္ကဌ ဦးပေါင်ယူယိက ဦးဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

 ဒီတွေ့ဆုံမှုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားထားတဲ့အတိုင်း ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်နိုင်ရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်သလို နှစ်ဦးနှစ်ဖက် နားလည်မှု၊ ယုံကြည်မှုရပြီး (၂၁)ရာစုပင်လုံညီလာခံ တက်လှမ်းနိုင်ရေး လမ်းကြောင်းပေါ်ရောက်လာနိုင်မယ်လို့ အပြုသဘောဆောင်ကာ မျှော်လင့်ထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်၊

ဓာတ်ပုံ - Kyaw Ye Myo Chit FB

5 Plus News
https://www.facebook.com/5plusnews
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့တွေ့ဆုံဖို့ ဝ၊မိုင်းလားအဖွဲ့က အဖွဲ့ဝင် ၁၁၀ ဦး နေပြည်တော်ရောက်ရှိနေ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့တွေ့ဆုံဖို့ ဝ၊မိုင်းလားအဖွဲ့က အဖွဲ့ဝင် ၁၁၀ ဦး နေပြည်တော်ရောက်ရှိနေ Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.