မင်းပြားမြို့မဈေးတွင် အသားများကို သတ်မှတ်ဈေးနှင့်ရောင်းချရန် သတ်မှတ်

ဓါတ်ပုံ၊ Truthman Truthman FB:
 ရခိုင်ဂေဇက်၊ ဇူလိုင် ၂၄

မင်းပြားမြို့၏ မြို့မဈေးအတွင်း ရောင်းချနေသည့် အသားများအာား သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာရောင်းချနိုင်ရန် ဈေးနှုန်းအား မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်လိုက်ကြောင်းသိရှိရသည်။

ဈေးအတွင်းဈေးသည်များအနေဖြင့် အသားများရောင်းချမှုတွင် အလေးချိန် မမှန်မှုရှိနေကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ယနေ့ တွင် မင်းပြားမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဈေးအတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အသားရောင်းချမှုတွင် အလေးချိန်မှန်အောင် ဒီဂျယ်တယ် ကတ္တားဖြင့် ရောင်းပြီး ဈေးနှုန်းသတ်မှတ်လိုက်ခြင်းဖြစ်သည်။
“ကျနော်တို့အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီနေ့သွားပြီးစစ်ဆေးတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရောင်းတာက ဈေးလည်း မမှန်ဘူး၊ အလေးချိန်လည်း မမှန်တာတွေ တွေ့ရှိနေတယ်၊ အဲဒီတော့ အလေးချိန်မှန်အောင်ဒီဂျစ်တယ် ကတ္တားနဲ့ရောင်းပြီးဈေးနှုန်းသတ်မှတ်ပေးထားရတယ်”ဟု မင်းပြားမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောသည်။

အသားငါးဈေးရောင်းချသည့်ဈေးသည်အများစုမှာဒီဂျစ်တယ်ကတ္တားနှင့်အသုံးပြုရောင်းချင်ခြင်းမဟုတ်ဘဲချိန်ခွင်ဖြင့် သုံးသည့်အတွက်အလေး ချိန်တွယ်မှုတွင်ကွာဟချက်များဖြစ်ပေါ်လာသည့်အတွက် ဒီဂျစ်တယ်ကတ္တား ဖြင့်သာ ရောင်းချရန် မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ အသိပေးထားသည်။
“အသားငါးတွေဝယ်တဲ့အခါ အလေးချိန်မမှန်ဘူး၊ဈေးနှုန်းကလည်း အမျိုးမျိုးရှိနေကြတော့ စားသုံးသူတွေဘက် က အသံထွက်လာတာပေါ့၊ အလေးချိန်မှန်မယ်၊ ဈေးနှုန်းလည်းမှန်မယ်ဆိုရင် စားသုံးသူတွေ အနေနဲ့ စိတ်ကျေနပ်မှုရှိမှာပါ”ဟု မင်းပြားမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ဈေးအတွင်းအသားငါးရောင်းချမှုအား ဈေးတစ်မျိုးတည်းအဖြစ် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ ကြက်သား ၊ဝက်သား ၊ အမဲသား၊ ဆိတ်သားများကို တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့်ရောင်းရမည်ဖြစ်ပြီး အသား ချိန်တွယ်ရာတွင် ဒီဂျစ်တယ်ကတ္ဘားကိုသာ အသုံးပြုသတ်မှတ်ရောင်းချရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးအတွင်း အသားငါးရောင်းချသူများ အား အသိပေးထားကြောင်းသိရှိရသည်။

ဈေးနှုန်း မသတ်မှတ်မီတွင် ယခင်က မင်းပြားမြို့မဈေးတွင်း ကြက်သား၊ဝက်သား၊အမဲသား ၊ဆိတ်သား များကို တစ်ပိဿာ လျှင် ကျပ် တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချမှုများရှိခဲ့ကြောင်းသိရှိရသည်။

ဝင်းမောင်စိန်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မင်းပြားမြို့မဈေးတွင် အသားများကို သတ်မှတ်ဈေးနှင့်ရောင်းချရန် သတ်မှတ်  မင်းပြားမြို့မဈေးတွင် အသားများကို သတ်မှတ်ဈေးနှင့်ရောင်းချရန် သတ်မှတ် Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.