မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မန္တလေး- မြစ်ကြီးနား သံလမ်းရေကျော်


ဝန်းသို ဇူလိုင် ၂၀

ကသာခရိုင် ဝန်းသိုမြို့နယ်တွင် ယနေ့ နေ့လည်(၁)နာရီအချိန်တွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုကြောင့် မဲဇာနှင့် ဘုံချောင်းကြား မိုင်တိုင်အမှတ် ၅၆၇/ ၃-၄ကြား အကျယ် ၈ ပေ ၊အနက် ၆ ပေ ခန့် ရေတိုက် စားမှုကြောင့် မန္တလေး -မြစ်ကြီးနား ရထားများ ပြေးဆွဲ မှုကို ခေတ္တရပ်ဆိုင်း ထားကြောင်း သိရသည်။


အဆိုပါ ရေတိုက်စားမှုအား သံလမ်း လက်ထောက် အင်ဂျင်နီယာ ဦးမွှေးနှင့် လုပ်သား(၂၀)ဦးတို့ ရထားများ ပုံမှန် ပြန်လည် ပြေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့မီးရထား ဝန်းသိုဘူတာ ရုံပိုင်ကြီးမှ ပြောကြားသည်။

ဝန်းသို (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မန္တလေး- မြစ်ကြီးနား သံလမ်းရေကျော်  မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မန္တလေး- မြစ်ကြီးနား သံလမ်းရေကျော် Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.