မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေလျှံမှုဖြစ်ပွား


ဝန်းသို ဇူလိုင် ၂၀

ကသာခရိုင် ဝန်းသိုမြို့နယ်တွင် ဇူလိုင် ၂၀ ရက်က မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် နမ်းခမ်းကျေးရွာ လူနေအိမ် အချို့၌ ရေများ ဝင်ရောက် ခဲ့ကြောင်း သိရသည်။


နမ်းခမ်းကျေးရွာ ဘူတာစုရပ်နှင့် အောင်ဇာနည်ကုန်း ရပ်ကွက်သို့ ဆက်သွယ်ဖောက် လုပ်ထားသော နမ်းခမ်း တံတားအနီးရှိ နေအိမ်အချို့တွင် မွန်လွဲ ၁ နာရီခန့် အချိန်၌ ရေများ စတင် ဝင်ရောက်ခဲ့ သဖြင့် ဒေသခံ ပြည်သူ များ၊ နေအိမ်များ၊ အိမ်မွေး တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် နမ်းခမ်း ရဲကင်းမှူး ရဲအုပ် သန်းဝေဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်း များမှ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဂျိုးတောင်ကျေးရွာနှင့် မန်းကျည်းကုန်းကျေးရွာ လူနေအိမ်အချို့တွင် ရေများ ဝင်ရောက် ခဲ့သော်လည်း လူနှင့်တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရှိ ရသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေလျှံမှုဖြစ်ပွား  မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေလျှံမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.