ခုဖြေခုထော အစီအစဉ်တွင် ပါဝင်ခဲ့သူအားလုံးကို ငွေပြန်ထုတ်ပေးမည်


အူရီဒူး၏ ခုဖြေခုထောအစီအစဉ်တွင် ပါဝင်ခဲ့သူအားလုံးကို အစီအစဉ်အတွင်း သုံးစွဲခဲ့သည့် ကုန်ကျငွေများကို ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး ၊ ငွေပြန်ထုတ်ပေးရန်အတွက် ၄၈ နာရီခန့် စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်း အူရီဒူး မြန်မာက ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

“အူရီဒူးမြန်မာမှာ ထုတ်ပြန်ကြေညာထားတဲ့ အတိုင်းပါပဲ။ ကုန်ကျသွားတဲ့ ငွေတွေကို ပြန်ထုတ်ပေးသွားမှာပါ၊ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ ဆက်သွယ်ရေးနဲ့လည်း လူကြီးတွေ ဆွေးနွေးနေပါတယ် ”ဟု အူရီဒူးမြန်မာ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Ladies သို့ပြောသည်။

အူရီဒူး၏ ခုဖြေခုထောအစီအစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန နှင့် ဆွေးနွေးဆဲကာလအတွင်း ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဆွေးနွေးပွဲရလဒ်ကို အကြောင်းပြု၍ အခါအားလျော်စွာ အစီအစဉ် ပြန်လည်စတင်သည့် အခါတွင်လည်း ရရှိပြီးသား အမှတ်များအားလုံး ဆက်လက်အကြုံးဝင်နေမည်ဖြစ်ပြီး အူရီဒူးသုံးစွဲသူများ အားလုံး ကျေနပ်နိုင်မည် မျှော်လင့်ကြောင်း ၊ အဆင်မပြေမှုများ အားလုံးအတွက် အနူးအညွတ် တောင်းပန်အပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
ခုဖြေခုထော အစီအစဉ်တွင် ပါဝင်ခဲ့သူအားလုံးကို ငွေပြန်ထုတ်ပေးမည်  ခုဖြေခုထော အစီအစဉ်တွင် ပါဝင်ခဲ့သူအားလုံးကို ငွေပြန်ထုတ်ပေးမည် Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.